သူဇာနဲ့ဆုမြတ်တို့ ယွန်းကိုကြည့်ပြီးစိတ်မကောင်း။ဘာလို့ဒီလောက်ထိ စိတ်ဓာတ်ကျနေရတာလဲယွန်းရယ်။
"ယွန်း ငါတို့ဒီနေ့အတန်းမတက်ပဲလျှောက်လည်ကြမလား"
"အေးလေ ယွန်း ငါတို့ဒီနေ့တစ်ရက်တော့အတန်းပျက်ကြတာပေါ့ တစ်ရက်တစ်လေပျက်တာဘာမှမဖြစ်ပါဘူး"
ယွန်း ခေါင်းခါလိုက်သည်။
သူဇာနဲ့ဆုမြတ်မွန်နှစ်ယောက်သား ခေါင်းကိုက်ကုန်ကြသည်။ဒီသူငယ်ချင်းမလေးကို စိတ်ပြေအောင်ဘယ်လိုလုပ်ရပါ့မလဲ။
ထိုစဉ် ကိုစိုင်းနဲ့ပြည့်စုံတို့ အတန်းထဲဝင်လာသည်။
"ဟိတ် နင်တို့၃ယောက်ထဲဘာလုပ်နေကြတာလဲ သရဲလာခြောက်နေပါဦးမယ် အဲ့...ယွန်း"
လူမရှိတဲ့အတန်းလွတ်ကြီးထဲရောက်နေတဲ့ ယွန်းတို့ကိုပြည့်စုံလှမ်းနောက်ရင်း ယွန်းမျက်နှာကိုမြင်တော့ ပြည့်စုံစကားတန့်သွားသည်။
"ယွန်း ဘာဖြစ်တာလဲ မျက်နှာလဲမကောင်းပါလား"
"အသဲကွဲနေတာလေ သူ့မမလက်ထပ်တော့မှာမို့တဲ့"
သူဇာကဝင်ဖြေလိုက်သည်။
"အမ်...ဟုတ်လား မသွန်းကလက်ထပ်တော့မှာလား"
"ယွန်းက မသွန်းကိုတစ်ကယ်ကြီးချစ်နေတာလား"
မေးလာတဲ့ကိုစိုင်းကို ဆုမြတ်လှမ်းရိုက်လိုက်သည်။
"တစ်ကယ်မချစ်လို့ အလိမ်တလိမ်ချစ်ရမှာလား"
ပြည့်စုံနဲ့ကိုစိုင်း ခုံမှာဝင်ထိုင်လိုက်ရင်း
"မသွန်းကဘယ်တော့လက်ထပ်မှာတဲ့လဲ..."
"နောက်နှစ်လောက်ဖြစ်မယ်ထင်တယ်"
ပြည့်စုံအမေးကို သူဇာကဖြေလိုက်သည်။
"ဟား အဝေးကြီးလိုသေးတာကို ယွန်း နင်တုံးလှချည်လား ဒီကြားထဲနင်ကြိုးစားခွင့်ရှိတာပဲ"
"ပြီးတော့ နင်တို့ကတစ်အိမ်ထဲနေတာလေ နင့်မှာအခွင့်အရေးပိုရှိတာပေါ့"
ပြည့်စုံပြောတာလဲ ဟုတ်သားပဲ။မမလက်ထပ်ဖို့ကအဝေးကြီးလိုသေးတာကို ငယ့်မှာအခွင့်အရေးရှိသေးတာပေါ့။ဒါပေမယ့် မမကငယ့်ကိုညီမလေးတစ်ယောက်လိုပဲချစ်လာတာလေ။ငယ် အဆင်ပြေပါ့မလား။