ဘာလိုလိုနဲ့ငယ်လေးနဲ့သွန်းတို့ချစ်သူသက်တမ်းတစ်နှစ်နီးပါးရှိခဲ့လေပြီ။ဒီတစ်နှစ်အတွင်းမှာ သွန်းတို့အချစ်ခရီးလမ်းလေးကသာယာခဲ့ပေမယ့် မမျှော်လင့်တဲ့ကံကြမ္မာကဝင်ရောက်လာတဲ့ခါ...။"သွန်း ကိုယ်မင်းကိုချစ်နေတုန်းပဲ ဒီနှစ်ထဲမှာကိုယ်သွန်းကိုမေ့ဖို့အတွက်တစ်ခြားမိန်းကလေးတွေနဲ့တွဲခဲ့ပေမယ့် ကိုယ်သွန်းကိုမမေ့နိုင်ခဲ့ဘူး"
"သွန်းကိုယ့်ကိုပြန်လက်ခံပေးနိုင်မလား ဘယ်လိုပဲဖြစ်ဖြစ်သွန်းနဲ့သွန်းညီမကဖြစ်မှမဖြစ်နိုင်တာ "
ကိုဘုန်းနဲ့ခက်တော့တာပဲ။ဇာတ်လမ်းပြတ်ပီထင်ခဲ့တာကို အခုမှပြန်ပီးတော့ဇာတ်လမ်းဆက်ဖို့ကြိုးစားနေတဲ့ကိုဘုန်း။
"ကိုဘုန်း မဖြစ်နိုင်တာတွေမပြောပါနဲ့တော့ သွန်းငယ်လေးကိုချစ်တယ် ငယ်လေးနဲ့ပဲတစ်သက်လုံးနေသွားမယ်သွန်းဘာအကြောင်းနဲ့မှကိုဘုန်းကိုလက်ခံနိုင်မှာမဟုတ်တော့ဘူး"
"သွန်းအရင်ကကိုဘုန်းနဲ့လက်ထပ်ဖို့ကိစ္စလက်ခံခဲ့တယ်ဆိုတာ သွန်းမိဘတွေကြောင့်ပါ ဒါကိုကိုဘုန်းလဲသိနေတာပဲ"
"သွန်းတစ်ကယ်ကိုယ့်ကိုလက်မခံပေးနိုင်တော့ဘူးလား"
"ကိုဘုန်းကိုသွန်းအနေနဲ့မဖြစ်နိုင်တဲ့မျှော်လင့်ချက်လဲမပေးချင်ဘူး သွန်းငယ်လေးနဲ့ဝေးရရင်တောင်ကိုဘုန်းနဲ့သွန်းကမဖြစ်နိုင်တော့ပါဘူး ကိုဘုန်းကလူကောင်းတစ်ယောက်ဆိုတာသွန်းသိပါတယ် ကိုဘုန်းသွန်းကိုမေ့ပစ်လိုက်ဖို့ပဲသွန်းတောင်းဆိုချင်တယ်"
ပြောချင်ရာပြောပြီးထွက်သွားတဲ့သွန်းရဲ့နောက်ကျောကိုကြည့်ရင်းနဲ့ဘုန်းနေရောင်စိတ်ထဲ
"သွန်း မင်းကကိုယ့်ကိုမေ့ခိုင်းပေမယ့်ကိုယ်ကတော့မမေ့နိုင်ဘူး မင်းကိုပိုင်ဆိုင်ရဖို့အတွက်ကိုယ်ဗီလိန်ဆန်ရတော့မယ်"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီနေ့ဖေဖေကထူးဆန်းတယ်။ဆိုင်ကိုရုတ်တရတ်ကြီးပိတ်ခိုင်းပြီးဝန်ထမ်းတွေကိုပြန်ခိုင်းလိုက်သည်။ဆိုင်မှာဖေဖေနဲ့သွန်းနှစ်ယောက်သာကျန်ခဲ့လေသည်။
ဖေဖေ့မျက်နှာကတစ်မျိုးပဲ။