သွန်း ငယ်လေးကိုကျောင်းထဲထိလိုက်ပို့ပြီးပြန်မယ်လုပ်တော့ငယ်လေးကတားသည်။"မမ အချိန်ရသေးတယ်မဟုတ်လား"
"အချိန်ရပါတယ်ငယ်လေးရဲ့ ကိုယ့်ဆိုင်နဲ့ကိုယ်ပဲကိုဘာလို့လဲငယ်လေး"
"ငယ်မမနဲ့အတူလမ်းလျှောက်ချင်လို့ ဟိုးဘက်သွားရအောင်နော်"
ငယ်မမလက်မောင်းလေးကိုတွဲလိုက်သည်။မမငြင်းမှာမဟုတ်ဘူးဆိုတာ ငယ်သိနေတယ်လေ။
နှစ်ယောက်သားမြက်ခင်းပြင်ထဲလျှောက်သွားရင်း အပြာရောင်ခုံတန်းလေးမှာဝင်လိုက်သည်။
"မမ သီချင်းနားထောင်မလား"
"အင်း"
ငယ် အိတ်ထဲကဘလူးတုနားကြပ်လေးကိုထုတ်လိုက်ပြီး နားကြပ်တစ်ဖက်ကိုမမနားမှာတပ်လိုက်သည်။
ငယ်ဖွင့်လိုက်တဲ့သီချင်းကblackpink songလေး။BLACKPINKဆိုငယ်လေးကအရူးအမူးပဲ။သီချင်းအသစ်ထွက်ပြီတဲ့ဆိုရင်လဲstreamလုပ်ရှာတာတစ်နေ့လုံးတစ်ညလုံးပဲ။ဒါကြောင့်ပဲဖေဖေဆူတာမကြာခဏခံရသည်။ငယ်လေးကြောင့်နဲ့သွန်းတောင်blackpink songလေးတွေကိုကြိုက်တတ်နေခဲ့ပြီ။
ငယ့်ခေါင်းလေးကတဖြည်းဖြည်းသွန်းပုခုံးပေါ်မှီကျလာခဲ့သည်။
"မမ ငယ်အရမ်းပျော်တာပဲမမနဲ့အတူရှိရတာ"
"မမလဲငယ်လေးလိုပါပဲ"
"မမ"
"အင်း"
"ငယ်နဲ့မမဒီလိုအချိန်လေးကိုတစ်သက်လုံးပိုင်ဆိုင်ခွင့်ရရင်ကောင်းမှာပဲနော်"
"မမလဲမျှော်လင့်တာပေါ့ငယ်လေးရယ်"
ဟင်...ငယ်အခုမှသတိထားမိတယ်။ငယ်တို့အနားမှာကောင်လေးတွေလာပြီးရှိုးနေပါလား။သူတို့မျက်လုံးအကြည့်တွေကမမဆီမှမခွာ။အာ...ငယ်စိတ်ဆိုးလိုက်တာ။
"လာ...မမ"
ငယ်ရုတ်ချည်းထလိုက်တော့မမကမျက်လုံးလေးအဝိုင်းသားနဲ့ကြည့်နေရှာသည်။
"မမ ဒီမှာဆက်နေလို့မဖြစ်တော့ဘူး ဟိုမှာနှာဘူးတွေမမကိုလာလာရှိုးနေကြတယ်"
ကြည့်စမ်း ငယ်လေးသဝန်တိုနေပါလား။
"မမနော် မရယ်နဲ့လာပြန်တော့ ငယ်လိုက်ပို့မယ်"
ငယ်နှုတ်ခမ်းလေးစူပြီး သွန်းကိုကားနားထိလိုက်ပို့ရှာသည်။
"မမ ဂရုစိုက်မောင်းနော်"
"အင်းပါ ငယ်လေး"
"bye"
မမကားလေးငယ့်မျက်စိရှေ့မှပျောက်ကွယ်သွားသည်အထိ ငယ်ရပ်ကြည့်နေမိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဟိတ်...နင်အတန်းမတက်ပဲဘာလုပ်နေတာလဲ"
ငယ်ကြည့်လိုက်တော့ ပြည့်စုံတို့အတွဲဖြစ်နေသည်။
"နင်တို့ကရောအတန်းမတက်ဘူးလား စာမေးပွဲနီးနေပြီကို"
"ဒီစာမေးပွဲလောက်ကတော့မိုင်နာပါကွာ"
ကိုစိုင်းကဝင်ဖြေသည်။
"ယွန်း နင်တစ်ကယ်ဘာတွေတွေးနေတာလဲ ဟိုနှစ်ယောက်တောင်အတန်းတက်နေတာကို နင်ကဘာလို..."
"ငါစဉ်းစားနေတာ မမမွေးနေ့ဘာလက်ဆောင်ပေးရင်ကောင်းမလဲလို့"
"မမသွန်းမွေးနေ့ရောက်တော့မှာလား"
"အင်း"
"နင့်မမအတွက်ဘယ်တော့မှမမေ့နိုင်တဲ့အမှတ်တရလက်ဆောင်မျိုးပေးလိုက်လေ"
ပြည့်စုံရဲ့ပြောတာမှန်တယ်။မမအတွက်ဘယ်တော့မှမမေ့နိုင်တဲ့အမှတ်တရလက်ဆောင်မျိုး ငယ်ဘာပေးရင်ကောင်းမလဲ။ငယ်ဂီတာတီးသင်ရင်ကောင်းမလား။ငယ်ကိုယ်တိုင်ဂီတာတီးပြီးသီချင်းဆိုပြရင် မမသဘောကျမှာပဲ။မဟုတ်သေးဘူးအချိန်ကအရမ်းကပ်နေပြီ ။
တွေးရင်းတွေးရင်း စဉ်းစားမရတတ်တော့။
"မသိတော့ဘူးဟာ အတန်းပဲသွားတက်တော့မယ် နင်တို့လဲတက်ရမယ်
အတန်းပျက်ဖို့စိတ်မကူးလိုက်နဲ့ စာမေးပွဲနီးနေပြီ""အေးပါကွာ အတန်းမတက်တာလဲနင်ပဲတက်ချင်တော့လဲနင်ပဲ"
ကိုစိုင်းကပွစိပွစိမြည်လေသည်။ငယ်သဘောကျစွာရယ်လိုက်သည်။