ငယ်တို့ tutorialဖြေပြီးတော့ အတန်းလစ်ကာမြို့ထဲထွက်လာခဲ့လိုက်ကြသည်။ငယ်တို့၃ယောက်မှာ တက်ကြွနေသလောက် ကိုစိုင်းတစ်ယောက်ကတော့ မျက်ခုံးလှုပ်နေသည်။
ဆိုင်ရှေ့ရောက်တော့ ကိုစိုင်းမျက်လုံးပြူးမျက်ဆန်ပြူးနဲ့
"ယွန်း...ဒီ ဒီဆိုင်လား"
ငယ်တမင်ဈေးအကြီးဆုံးဆိုင်ကိုရွေးလိုက်ခြင်းဖြစ်သည်။ယောက်ျားလေးဖြစ်ပြီးကပ်စေးနည်းလိုက်တာလွန်ရော။ပိုက်ဆံမရှိလို့ဆိုလဲထားပါတော့ ။အခုကျရှိရက်သားနဲ့....။
အိမ်ထောင်ရှင်မကျနေတာပဲ...။အိမ်ထောင်ရှင်မဆိုမှ ငယ်ကိုစိုင်းကိုသံသယဝင်လာသည်။ဒီကိုစိုင်းဟာgayနေတာများလား။ကိုစိုင်းနဲ့ပြည့်စုံတို့ဟာ 1st yearစတက်ကတည်းကနေစလို့အမြဲတမ်းတစ်တွဲတွဲနဲ့ ကောင်မလေးဘာညာထားတယ်လို့လဲမရှိဘူး။နှစ်ယောက်သားတွဲနေကြလားမသိပါဘူး။ဒီအကြောင်းကိုနောက်မှဖော်ထုတ်ရမယ်...😁။
"အေ့လေ ဘာဖြစ်လို့လဲ နင်ပဲကြိုက်တဲ့ဆိုင်ကျွေးမယ်ဆို ဘာလဲမရဘူးလား"
"အေးပါကွာ...ရ...ရပါတယ်"
သူ့ပြောထားတဲ့စကားရှိထားတော့ကိုစိုင်းလက်ခံလိုက်ရသည်။
waiterလေးမီနူးကတ်လာချပေးတော့ ငယ်တို့၃ယောက်သားဈေးအကြီးဆုံးတွေချည်းရွေးမှာဖြစ်ကြသည်။ ကိုစိုင်းမှာ ယွန်းတို့မှာနေတာကိုကြည့်ပြီးဘုရားတနေမိသည်။
ပြည့်စုံကိုကြည့်လိုက်တော့ အေးဆေးဖုန်းနှိပ်နေသည်။ကိုစိုင်း ပြည့်စုံကိုစိတ်ထဲကကျိန်ဆဲနေမိသည်။ဒီကောင်ကြောင့်ဖြစ်ရတာလေ။
"ဟဲ့ ယွန်း နင့်မမပဲ မမသွန်းမဟုတ်လား"
ဆုမြတ်စကားကြောင့် ငယ်ကြည့်လိုက်မိသည်။
"ဟင်"
မမ မမနဲ့ကိုဘုန်းပါလား။ကိုဘုန်းဆိုတာဖေဖေ့မိတ်ဆွေရဲ့သားပါ။နှစ်ယောက်သား စကားပြောရင်းဆိုင်ရဲ့သီးသန့်ခန်းထဲဝင်သွားသည် ။မမကငယ်တို့ကိုမမြင်ပေ။
ဘာတွေလဲ နှစ်ယောက်သားသီးသန့်ချိန်းတွေ့နေကြတာလား။မမနဲ့ကိုဘုန်းကတွဲနေကြတာလား။ငယ်ရင်ကွဲပါပြီ။