ဒါကသွန်းနေခဲ့တဲ့အိမ်တဲ့လား။သွန်းအိမ်လေးကိုသေချာကြည့်နေမိသည်။
"မမ အထဲဝင်ရအောင်"
ငယ်မမရဲLuggageကိုဆွဲရင်းအိမ်ထဲဝင်ခဲ့လိုက်သည်။
"သမီး အရမ်းပင်ပန်းသွားပြီအခန်းထဲမှာအေးဆေးနားတော့ဟုတ်ပြီလားငယ်လေး သမီးမမကိုအခန်းထဲလိုက်ပို့လိုက်ဦး"
ငယ်မမအခန်းကိုလိုက်ပို့ပေးလိုက်သည်။မမရဲ့အိတ်ထဲကအဝတ်တွေကိုထုတ်ပြီးဗီရိုထဲထဲ့ပေးနေတော့မမက
" တို့လုပ်လိုက်မယ်"
"ရပါတယ် မမငယ်လုပ်ချင်လို့"
ငယ်လေးဆိုတဲ့ကလေးမကသူမရဲ့braနဲ့underwearဒေပါထုတ်ပြီးဗီရိုထဲသေချာစီထဲ့ပေးနေတော့ သွန်းကမျက်နှာတွေပူနေမိသည်။
ငယ်မမအဝတ်တွေသေချာစီထဲ့ပြီးသွားတော့ ခုတင်ပေါ်မှာထိုင်နေတဲ့မမဆီသွားလိုက်ပြီး မမကိုနောက်ကျောလေးကနေသိမ်းကျုံးပွေ့ဖက်ထားလိုက်သည်။ငယ်အရမ်းလွမ်းနေခဲ့တာမမရယ်...။
ရုတ်တရတ်ကြီးအဖက်ခံလိုက်ရတော့ သွန်းရင်ထဲဒိန်းခနဲဖြစ်သွားပြီးရင်ခုန်သံတွေမြန်လာသည်။။ဒါကဘယ်လိုခံစားချက်ကြီးလဲ။
"မမအရမ်းလွမ်းတယ် ငယ်အရမ်းလွမ်းနေခဲ့တာ"
"ငယ့်ကိုထပ်ပြီးထားမသွားပါနဲ့တော့နော်"
သွန်းတစ်ကယ်ကိုနားမလည်နိုင်ဖြစ်ရသည်။ငယ်လေးကသူမအပေါ်သူ့ချစ်သူတစ်ယောက်လိုပြုမူပြောဆိုနေပါလား။
"မမ..."
ငယ်မမကိုသူမနဲ့မျက်နှာချင်းဆိုင်စေလိုက်သည်။
"မမ ငယ့်ကိုကြည့်ပါဦး မမတစ်ကယ်ဘာကိုမှမမှတ်မိဘူးလား"
"ဘာကိုလဲ ငယ်လေး"
သွန်းနားမလည်စွာမေးမိသည်။
"ငယ်နဲ့မမချစ်ခဲ့ကြတာကိုလေ ငယ်မမကိုအရမ်းချစ်သလို မမကလဲငယ့်ကိုအရမ်းချစ်တာလေ ပြီးတော့မမငယ့်ကိုပြောထားတယ်လေ ငယ်ကျောင်းပြီးရင်ငယ်နဲ့အတူနေမယ်ဆို"
ဘုရားရေ...သွန်းတစ်ကယ်ကိုအံ့ဩသွားမိသည်။သွန်းနဲ့ဒီကလေးမနဲ့ကချစ်သူတွေဖြစ်ခဲ့ကြတာတဲ့လား။ဒါဘယ်လိုဖြစ်နိုင်မှာလဲ။သူမတို့ကညီအစ်မတွေမဟုတ်ဘူးလား။