မိသားစုထမင်းဝိုင်းမှာ ထမင်းကိုမဆိုသလောက်လေးစားပြီး သွန်းခပ်မြန်မြန်ထထွက်ခဲ့လိုက်သည်။သမီကြီးကိုကြည့်ပြီးဒေါ်သိင်္ဂီထူးဆန်းနေသည်။ဒီသမီးကြီး ဒီတစ်လောဘာဖြစ်နေပါလိမ့်။
သူမသတိထားမိတာရက်ပိုင်းလောက်ရှိနေပီ။သမီးကြီးကအငယ်လေးနဲ့လဲစကားသိပ်မပြောပဲ တမင်ရှောင်နေသလိုပဲ။ခါတိုင်းဆိုညီအစ်မနှစ်ယောက်ပူးလို့ကပ်လို့ တစ်တွဲတွဲနဲ့ အခုကျတော့နှစ်ယောက်သားစကားလဲမပြောကြ။ကြည့်ရတာ အငယ်လေးက သမီးကြီးကိုအမှားတစ်ခုခုလုပ်မိထားသလိုပဲ။
"ငယ်လေး "
"ရှင် မေမေ"
"ငယ်လေး မေမေ့ကိုအမှန်တိုင်းပြော သမီးမမနဲ့ဘာဖြစ်ထားကြတာလဲ "
"ရှင်"
ငယ်လန့်သွားသည်။
"ထပ်ပြီး အစ်မကိုအနိုင်ကျင့်ပြန်ပီလား မင်းမမလောက်မင်းအပေါ်ကောင်းတာမင်းမမပဲရှိတယ် အမှားလုပ်ထားမိရင်လဲတောင်းပန်လိုက်ငယ်လေး ကိုယ့်အစ်မကိုစိတ်ဆင်းရဲအောင်မလုပ်နဲ့"
"ဟုတ် မေမေ"
ငယ် မေမေ့ရှေ့ကထွက်ခဲ့လိုက်သည်။စိတ်ထဲတွင်တော့ ငယ်ကမမခွင့်မလွတ်နိုင်လောက်တဲ့အမှားမျိုးလုပ်မိသွားတာလေ။ငယ်တောင်းပန်ရင်ရော မမကခွင့်လွတ်နိုင်ပါ့မလား...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ငယ် မမအခန်းကိုသွားဖို့စိတ်ကူးနေတုန်းမှာပြည့်စုံဆီကဖုန်းဝင်လာတော့ ငယ်ကိုင်လိုက်သည်။
"ဘာကိစ္စလဲပြော"
"ယွန်း နင်ဟိုနေ့ကအဆင်ပြေရဲ့လား"
ပြည်စုံရယ်လျှက် ယွန်းကိုမေးလိုက်သည်။
"ဘာကိုပြေရမှာလဲ... "
ငယ် မေးလိုက်ရင်ရင်းနဲ့မှအတွေးပေါက်သွားသည်။မဟုတ်မှလွဲရော ငယ်ဟိုနေ့ကမမနဲ့ဖြစ်တဲ့ကိစ္စ ဒီကောင်တွေလက်ချက်လား။တွေးရင်းငယ် ဒေါသထွက်လာသည်။
"နင် မှန်မှန်ပြော ဟိုနေ့ကနင်တို့ငါ့ဘာလုပ်လိုက်တာလဲ"
"ဟီး နင်သောက်မယ့်ဝိုင်ထဲစိတ်ကြွဆေးနဲနဲထဲ့လိုက်တာ"
"ဘာ"