"ငယ်လေး..."
သွန်း ငယ်လေးဆိုတဲ့အမည်နာမကိုခေါ်ရင်းလန့်နိုးလာခဲ့သည်။သွန်းငိုနေမိပါလား...။ဘာကြောင့်များလဲ။
ငယ်လေးဆိုတဲ့ကောင်မလေးကဘယ်သူများလဲ။ဘာလို့သွန်းရဲ့အိမ်မက်ထဲမကြာခဏပေါ်လာရတာလဲ။
တစ်ကယ်ပဲငယ်လေးနဲ့သွန်းကဘယ်လိုပက်သတ်ခဲ့တာလဲ။သွန်းရဲ့မှတ်ဉာဏ်ထဲမှာ ငယ်လေးဆိုတဲ့ကောင်မလေးကဘာလို့မကြာခဏပေါ်လာရတာလဲ။ငယ်လေးကတစ်ကယ်ပဲဘယ်သူလဲ။သွန်းအဲ့ဒီကောင်မလေးအကြောင်း အိမ်မက်မက်လိုက်တိုင်းရင်ထဲမှာနင့်နေအောင်နာကျင်ရတယ်...။နိုးလာပြန်တော့လဲ ဘာတွေမက်ခဲ့လဲဆိုတာသေချာမမှတ်မိပြန်ဘူး...။
သွန်းရတီရဲ့ အလန့်တကြားအသံကြောင့် နေခြည်လန့်နိုးလာခဲ့သည်။အဲ့ဒီတစ်ယောက်ထပ်ပြီးအိမ်မက်ဆိုးတွေမက်ပြန်ပီထင်တယ်။ဘယ်တော့လဲ အဲ့ဒီငယ်လေးဆိုတဲ့တစ်ယောက်အကြောင်းပဲမက်မက်နေတယ်။နိုးလာပြန်ရင်လဲအကြောင်းမရှိပဲငိုနေပြန်ရော။တစ်ကယ်ပဲ အဲ့ဒီသွန်းရတီရဲ့အတိတ်မှာဘာတွေဖြစ်ခဲ့တာပါလိမ့်။
~~~~~~~~~~
ဘုန်းနေရောင် ကိစ္စတစ်ခုကြောင့်ရွာဘက်ထွက်လာရင်းက ဗိုက်ဆာလာ၍ဆိုင်တစ်ခုမှာဝင်ထိုင်လိုက်သည်။ရွာဘက်ကဆိုင်ဆိုပေမယ့် ဆိုင်လေးကသပ်သပ်ရပ်ရပ်ရှိလှသည်။
အစားအသောက်ကလဲအဆင်ပြေသားပဲ။ဘုန်းနေရောင်စားသောက်ပြီး ပြန်ရန်ထလိုက်စဉ်
"ဟင်"
"သွန်း...သွန်းမဟုတ်လား"
ဘုန်းနေရောင်ဝမ်းသာအားရနဲ့ဆိုင်နောက်ကိုဖြတ်ဝင်သွားလိုက်သည်။
ဆိုင်ရှင်အန်တီက တအံ့တဩကြည့်နေလေရဲ့။"သွန်း...သွန်းကဒီမှာရောက်နေတာလား "
"ရှင်ကဘယ်သူလဲ"
"သွန်း ဘာဖြစ်တာလဲကိုယ်လေ "
ဒေါ်မြမူမနေနိုင်တော့။
"သားကသမီးနဲ့သိတာလား ဒီသမီးကအန်တီတို့ဆီရောက်ထဲကအတိတ်မေ့နေတာ"
"ဗျာ"
သွန်းကအတိတ်မေ့နေတာတဲ့လား။ဘုန်းနေရောင်စိတ်ထဲ မရိုးသားတဲ့စိတ်တို့ဝင်လာသည်။