သားအမိသုံးယောက်သာရှိတဲ့အိမ်ကြီးကတိတ်ဆိတ်လို့နေသည်။အတန်ကြာတော့ ဒေါ်သိင်္ဂီမှ
"ဒီလိုတွေဖြစ်လာမယ်ဆိုတာ ကျွန်မသိတယ်"
"ရှင်ဘာလို့ကျွန်မသမီးကိုအတင်းလက်ထပ်ဖို့ဖိအားပေးရတာလဲ"
"ကလေးကတစ်သက်လုံးကျွန်မတို့အရိပ်အောက်မှာနေလာတာ ပြင်ပလောကကြီးရဲ့မာယာတွေအကြောင်းလဲကောင်းကောင်းသိရှာမှာမဟုတ်ဘူး ကျွန်မသမီးတစ်ခုခုဖြစ်လို့ကတော့ရှင့်ကိုခွင့်မလွတ်ဘူး"
ဦးမြင့်မောင်လဲအတော်စိတ်ညစ်နေမိသည်။သူ့အနေနဲ့ဒီလိုဖြစ်လာဖို့မရည်ရွယ်ခဲ့ပါဘူး။သမီးကြီးသွန်းကအမြဲတမ်း မိဘစကားနားထောင်လာခဲ့သူမို့ ဒီတစ်ခေါက်လဲ စကားနားထောင်ပြီး မောင်ဘုန်းနဲ့လက်ထပ်သွားလိမ့်မယ်လို့ထင်ခဲ့တာမှားသွားပြီ။
"ငါလဲဒီလိုဖြစ်လာဖို့ရည်ရွယ်တာမှမဟုတ်တာ မင်းလဲအခုသိပြီပဲကလေးတွေကအချင်းချင်းချစ်ကြိုက်နေတာ ငါကဒါကိုတားချင်ရုံသက်သက်ပဲ"
"ကလေးတွေအချင်းချင်းကြိုက်ကြတော့လဲဘာဖြစ်လဲအဲ့ဒါဘာမှားသွားလို့လဲ ကျွန်မဒါကိုအစောကတည်းကရိပ်မိပါတယ်"
"ဘာ"
ဒီတစ်ခါအံဩရသူကဦးမြင့်မောင်။
"မိန်းမ မင်းဘာပြောလိုက်တာလဲ မင်းကကလေးတွေ..."
"ဟုတ်တယ် ကျွန်မအစောထဲကရိပ်မိတယ် "
"ရှင်သိလားလက်မထပ်ချင်သေးတဲ့ကျွန်မသမီးကြီးကဘာလို့ရုတ်တရတ်ကြီးမောင်ဘုန်းနဲ့လက်ထပ်ဖို့ထိဖြစ်သွားလဲဆိုတာ....ပြီးတော့သမီးကြီးရဲ့လက်ထပ်ပွဲပျက်သွားရတာတွေ...ဒါတွေအားလုံးကရှင့်သမီးကြောင့်လေ..."
"နေ...နေပါဦး...ဘာလို့မင့်သမီးတွေငါ့သမီးတွေလုပ်နေရတာ နှစ်ယောက်လုံးကိုယ်တို့သမီးတွေပဲမဟုတ်လား"
"မသိဘူးပြောမှာပဲ...ကျွန်မသမီးကြီးကဒီလိုတွေဖြစ်လာမှာကိုတားဖို့အတွက်သူ့ဘဝကြီးနဲ့ရင်းပြီး အလောတကြီးလက်ထပ်ဖို့ထိဆုံးဖြတ်ခဲ့တာ နောက်ဆုံးတော့ မရှောင်နိုင်ခဲ့ရှာဘူး ကျွန်မကလေးဘယ်လောက်သနားဖို့ကောင်းလဲ ရှင်သိပ်အတ္တကြီးတယ်"