part 13

3.7K 187 1
                                    


ငယ်မမအတွက်မွေးနေ့လက်ဆောင်အဖြစ်ဘာဝယ်ပေးရမှန်းမသိတဲ့အဆုံးမှာ စိတ်ကူးပေါက်ပြီး အနီရောင်ရင့်ရင့်ကြိုးတစ်ချောင်းဂါဝန်အတိုလေးတစ်ထည်ဝယ်လိုက်သည်။မမနဲ့ဆိုအရမ်းကိုsexyကျပြီးလှ‌နေမှာသေချာတယ်။ဒါပေမယ့်မမဝတ်ရဲမှာတော့မဟုတ်လောက်ဘူး။

ဘာပဲဖြစ်ဖြစ်မမ ငယ့်လက်ဆောင်ကိုသဘောကျမှာပါ။ငယ်တွေးရင်းပြုံးလိုက်သည်။

"မမ...မနက်ဖြန်ဆိုင်မသွားပါနဲ့လား"

"ဘာလို့လဲ ငယ်လေး"

"မမမွေးနေ့လေမနက်ဖြန်က ငယ်တို့တစ်နေရာသွားရအောင်"

"ဟုတ်ပြီလေ ငယ်လေး မမဖေဖေ့ကိုပြောလိုက်မယ်"

"အား ပျော်လိုက်တာမမ"

ငယ်ဝမ်းသာအားရဖြင့် မမကိုပွေ့ချီလိုက်သည်။

"ငယ်...ဘာလုပ်တာလဲချပေးမမကို မတော်ပြုတ်ကျနေမှဖြင့်"

"ခ်ခ် မမကငယ့်ကိုမယုံတာလား ငယ်ကသန်မာပါတယ်ဆို"

မမမျက်နှာလေးရဲနေတာ ငယ်နမ်းချင်လိုက်တာ။

~~~~~~~~~~~~~~~~~~~~~~~~

ဒီနေ့ကသွန်းရဲ့24နှစ်ပြည့်မွေးနေ့လေးပါ။သွန်းမနက်စောစောထ ကိုယ်လက်သန့်စင်ပြီး ဘုရားပန်း ဘုရားသောက်တော်ရေတွေလဲ ဆွမ်းတော်ကပ်လှူခြင်းတွေပြုလုပ်ပြီးနောက် ရေမိုးချိုးအဝတ်စားလဲကာ ဖေဖေမေမေတို့ရှိရာဧည့်ခန်းဆီထွက်လာခဲ့လိုက်သည်။

‌"ဖေဖေနဲ့မေမေသွန်းကန်တော့မယ်နော်"

"အေး သမီး"

သွန်းကန်တော့ရန်ပြင်စဉ်

"နေ..နေပါဦးမမ ငယ်လဲကန်တော့မယ်"

ငယ်လေး အပြေးရောက်လာသည်။ငယ်လေးကတော့လုပ်လိုက်ရင်အဲ့လိုပဲ။

"ဟီး မမ"

ထိခြင်းငါးပါးနဲ့ကန်တော့နေတဲ့သမီးနှစ်ယောက်ကို ဒေါ်သိင်္ဂီဆုတွေတစ်သီတစ်တန်းကြီးပေးနေမိသည်။

"ဘာလိုလိုနဲ့ သမီးကြီးတောင်24နှစ်ပြည့်ခဲ့ပြီနော်"

"သွန်းကိုဒီအသက်အရွယ်ထိကျွေးမွေးစောင့်ရှောက်လာတဲ့ဖေဖေမေမေတို့ကျေးဇူးကိုသွန်းဘယ်တော့မှမမေ့ပါဘူး"

သက်ဆုံးထိတိုင်Where stories live. Discover now