မောင် ဘယ်မှာလည်း---မောင်--!
chapter 16
lu တစ်ယောက် မောင့်ကို တအိမ်လုံးအနှံ့လိုက်ရာနေသော်လည်း မတွေ့ ခြံထဲဆင်းရှာပြန်တော့လည်း မောင့်ရဲ့အရိပ်ယောင်လေးတောင်မှ မမြင်ရသညါ့အဆုံး ---
lu;မောင့် ဖိနပ်က ဒီမှာရှိနေတာပဲ--ဒါဆိုမောင် ဘယ်မှ မသွားဘူးပေါ့---
မောင်ရယ်---နောက်မနေပါနဲ့တော့---ပန်းပေးတယ် ထွက်လာတော့နော်---မောင်---မောင်---
တိတ်ဆိတ်ခြောက်ကပ်နေသည့် ပါတ်ဝန်းကျင်နှင့် အိမ်တအိမ်လုံးတွင် Lu ရဲ့ မောင် လို့ခေါနေသော အသံများကသာ ပဲ့တင်သံပမာ--ထပ်ကာ ထပ်ကာ---
lu;မောင်---lu ငိုချလိုက်တော့မှာနော်---တကယါထွက်မလာဘူးလား---!မောင်---
မောင်လို့ခေါနေသော lu ရဲ့ အသံများတွင် တဖြေးဖြေးနဲ့ ငိုသံလိုလို အက်ကွဲသံလေးတွေပါ ကြားလာရပ့ါတယ်---
lu ငိုချင်သည့်စိတ်ကို မနည်းအားတင်းထားက တံတွေးကို အာခေါင်မှ တစ်ဆင့် လည်ချောင်းထဲထိရောက်အောင် ဆို့နင့်ကာ မျိုချလိုက်ပြီး---အိမ်ရှေ့တံခါးမကြီးကို မှီထားလျက် မောင် လာမယ့် လမ်းလေးဆီကို မျက်တောင်တောင် မခတ်နိုင်ပဲ စောင့်နေမိသည်။
ကောင်းကင်အလယ်တည့်တည့်တွင် ရှိနေသော နေသည်လည်း တဖြေးဖြေးနှင့် ကောင်းကင်ကြီးနှင့် ၇၅° ကဲ့သို့ ကျဆင်းလာကာ ညနေစောင်းသို့ ရောက်ရှိလာပြီပဲဖြစ်ပါတယ်။သို့ပေမယ့် အိမ်ရှေ့တံခါးမကြီးကို မှီကာ ရပ်စောင့်နေသော lu တစါယောက်ရဲ့ ခြေထောက်တွေကတော့ မပြောင်းလဲပဲ hun ပြမ်အလာကိုရပ်လျက်---
တင်းတောင်---ဒင် ဒင်--
မြို့အလယ်ခေါင် ရှေးဟောင်းနာရီစင်လေးက ညနေ ၆နာရီထိုးပြီဆိုတဲ့ alarm ပေးသံသဲ့သဲ့လေး နှင့်အတူ lu ခြထောက်များ ခွေလျက် မြေကြီးပေါကို ကျလာပါတယ်---
ဒါပေမယ့်လည်း နံရံလေးကို မှီထားကာ နာနေတဲ့ ခြေထောက်လေးတွေကို လက်လေးနဲ့ မသိမသာ နှိပ်နေရင်း lu ကတော့ hun ကို စောင့်နေဆဲပါ---
သမီး---မီးမထွန်းသေးဘူးလား--တစ်အိမ်လုံး မှောင်မဲနေပြီလေ သမီး---
YOU ARE READING
ပျောက်ဆုံးသွားသော
Fanfictionep 1 လောကမှာ အချစ်စစ်ဆိုတာ တကယ်ရှိလားဟင်? အချစ်ဆိုတာကကော ဘာလည်း? လူသားအချင်းချင်း ချစ်ကြိုက်တာကမှ အချစ်စစ်လို့ ခေါတာလား?