ပျောက်ဆုံးသွားသော

9.6K 488 3
                                    

Kim Sujoong Yeolminxotic

ပျောက်ဆုံးသွားသော

chapter 6

Sehun's pov...

နံနက်ခင်းထွက်စ နေအလင်းရောင်ထက်အနည်းငယ်ပိုပြီး စူးရှပူပြင်းတဲ့နေအလင်းရောင်က ကျွန်တော်ရဲ့ အိပ်ပျော်နေတဲ့ မျက်ဝန်းတွေကို လာရောက်ထိုးနှက်နေတာကြာင့် အိပ်ပျော်နေရာက နိုးထလို့လာခဲ့ပါတယ်၊

ညက အရက်တွေအရမ်းသောက်ထားလို့မိုးလင်းတော့ ခေါင်းတစ်ခုလုံးကိုက်ခဲနေပြီး--- ခါတိုင်းနေ့နဲ့မတူ လူတစ်ကိုယ်လုံးကလည်း အားအင်တွေ မရှိတော့သလို ပင်ပန်းနွမ်းနယ်လို့--

ဘယ်ဘက်လက်ကို လှုပ်ရှားဖို့ ကြိုးစားနေပေမယ့် ကျွန်တော့် ဘယ်လက်တစ်ချောင်းလုံးက လေးလံနေပြီး တစါစုံတစ်ခုက လာရောက်ဖိထားသလို ခံစားရတာကြောင့် ခေါင်းကို ငုံ့ကြည့်လိုက်တဲ့အခါ-----

ကျွန်တော့်ရဲ့ ဘယ်ဘက်လက်မောင်းကို ခေါင်းအုံးလျက် ကျွန်တော့် ရင်ခွင်ထဲမှာ အပစ်ကင်းမဲ့စွာ သမင်လေးတစ်ကောင်လို အိပ်မောကျနေတဲ့ သူမကိုတွေ့လိုက်ရပါတယ်---

"ငါ ဘာတွေဖြစ်ခဲ့တာလည်း? မနေ့က အရက်တွေသောက်လာတော့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဘာမှကို မမှတ်မိတော့ပါလား--? မဟုတ်မှလွဲရော---ငါ---ငါ--သုမကို--"???

စောင်ကိုလှန်ကြည့်လိုက်တော့---

သူမရော ကျွန်တော်ရော---အဝတ်စားမရှိ--သေချာပါပြီ--

"မနေ့က--မနေ့က ငါ --အရက်တွေသောက်လာတာကြောင့် ငါ့စိတ်ကိုငါ မထိန်းနိုင်ခဲ့ပါလား--! သွားပြီ!! ဒါဆို --ငါတိုနှစ်ယောက်---ငါ--မှားပြီ၊ငါ စိတ်တွေဘာဖြစ်နေတာလည်း---?

ငါ--ငါ သူမကို ချစ်မိသွားတော့မှ---ငါ့စိတ်ကို ငါ မထိန်းနိုင်ခဲ့ဘူး--အခု ကြိမ်စာအတိုင်းဆို ငါတို့ ဝေးကြရတော့မှာလား----? ရက်စက်လိုက်တာ ကံကြမ္မာရယ်--?ကျွန်တော် ဘာဆက်လုပ်ရမလည်းဗျာ---?

Hun မျက်ဝန်းတွေထဲမှာ မျက်ရည်စတွေပြည့်နှက်လာပြီး နောက်ဆုံး lu ရဲ့ နှဖူးပြင်လေးပေါကို ကျဆင်းလို့---

Hun--lu ရဲ့ နှဖူးပြင်ပေါ ယှက်ဖြာကျနေတဲ့ ဆံဆလေးတွေကို နူးညံ့စွာ ဖယ်ပေးရင်း lu ရဲ့ နှဖူးပြင်လေးကို ညင်သာစွာ အနမ်းလေးတစ်ချက်---

ပျောက်ဆုံးသွားသောOù les histoires vivent. Découvrez maintenant