ပျောက်ဆုံးသွားသော----

9.6K 569 1
                                    

chapter 2:

Kim Sujoong Yeolminxotic

ဒီနေ့ကတော့ ကျွန်မရဲ့ မဂ်လာနေ့ရက်လေးပါ---

ရှင်သန်လာခဲ့ရတဲ့ 19နှစ်ဆိုတဲ့ ကာလအတွင်း--ပထမဆုံးအနေနဲ့ တုန်လှုပ်မှုနဲ့ ရင်ခုန်မှုကို ခံစားရတဲ့ နေ့ဆိုလည်း ဟုတ်ပါတယ်၊

ကျွန်မအတွက် မဂ်လာနေ့ရက်လို့သာ ဆိုပေမယ့် ကိုယ့်နဲ့ လက်ထပ်ရမယ့် သတိုးသားကို မြင်လည်း မမြင်ဖူးသလို--သူအကြောင်း၊သူနာမည်--သူနဲ့ ပါတ်သက်တာတွေကိုလည်း ကျွန်မ တစ်ခုမှ မသိပါဘူး---

အဆိုးဆုံးကတော့ ဒီနေ့မဂ်လာဆောင်ရမယ်ဆိုတာကိုတောင် မနေ့ကမှ သိခဲ့ရတာပါ---

မလွဲသာတဲ့ ကျွန်မ တို့ မျိုးနွယ်မိသားစုတွေရဲ့ ကျိန်စာကြောင့် သူနဲ့ လက်ထပ်ခဲ့ရတယ်၊

လက်ထပ်လိုက်ရတယ်ဆိုပေမယ့် ကျွန်မ မဂ်လာဆောင်တာကို ကျွန်မရဲ့ သူငယ်ချင်းတွေတောင်မှ အသိမပေးလိုက်ရပါဘူး

အဲ--ဒီနေ့ကတော့---ကျွန်မတို့ မိန်းကလေးတွေ အားလုံး စိတ်လှုပ်ရှားကြတဲ့ မဂ်လာဦးညလေးပေါ့----

ကျွန်မ နဲ့ သူနဲ့ က တစ်ယောက်ကို တစ်ယောက် မမြင်ဖူးကြသလို တစ်ယောက်အကြောင်းလည်း တစ်ယောက် မသိကြသေးဘူးလေ--ဒါပေမယ့် ကျွန်မနဲ့ လက်ထပ်လိုက်ရတဲ့ သူက ဘယ်လိုပုံဖြစ်မလည်းဆိုတာ မဂ်လာအိပ်ခန်းထဲမှာ စောင့်စားရင်းနဲ့ ကျွန်မ ရင်တွေခုန်နေမိတယ်၊

ကျွီ---

ဆိုတဲ့ တံခါးဖွင့်သံနဲ့ အတူ---

ဒေါက်--ဒေါက်---

ဆိုတဲ့ သူ့ရဲ့ leather shoe ဖိနပ်သံကို ကျွန်မ ကြားလိုက်ရတော့ မြန်ဆန်နေတဲ့ ရင်ခုန်သံတွေနဲ့ ထပ်တူ----

သူ့ကို ကျွန်မ မော့ကြည့်လိုက်မိတယ်၊

အချိုးအဆစ်ပြေပြစ်ပြီး ချပ်ရပ် ကျော့ရှင်းနေတဲ့အနက်ရောင် အနောက်တိုင်း ဝတ်စုံနဲ့ အခန်းထဲကို တစ်လှန်းချင်း လျောက်လှန်းလာတဲ့ သူ့ကိုတွေ့လိုက်ရတော့--

ကျွန်မ ရင်ခုန်သံတွေက ပိုလို့---

အသားဖြူဖြူ ထင်ရှားသွယ်လျတဲ့ မေးရိုးတွေနဲ့ အစစ အရာရာ ပြီးပြည့်စုံတဲ့ ---''

ပျောက်ဆုံးသွားသောDonde viven las historias. Descúbrelo ahora