1 /)/).

23.8K 1.2K 38
                                    

Zawgyi

'ကျွန်တော်တို့ နှစ်ယောက်တည်း စကား အေးအေးဆေးဆေး ပြောလို့ရလား'

သူ့စကားကို ကြားတော့ Xiao Group CEO ရော သူ့အဖေ Wang သူဌေးကြီးကပါမော့ကြည့်လာတယ်။

ကာကကံရှင် ကတော့ အစားမပြတ်စားပွဲပေါ်က စားစရာတွေကို ပါစပ်ထဲထိုးထည့်နေတယ်။

'dinner ပြီးရင် ခြံထဲမှာပြောပေါ့ Xiao Zhan ပြီးရင် Wang Yibo ကိုခြံထဲလိုက်ပြလိုက်ပါ'

'ဟုတ်ပါပါး'

Wang Yibo အသက်ရှူကြပ်လွန်းလို့ စားပွဲတစ်ခုလုံး ဆွဲလှန်ပြစ်လိုက်ချင်တယ်။

ကျောင်းတစ်ဖက်နဲ့ ဆယ်ကျော်သက်ကတည်းက အလုပ်စဝင်ခဲ့တဲ့သူဟာ ခုဆို စီးပွားရေးလောကမှာ ကျားတစ်ကောင်ဖြစ်နေပြီ။ Wang group ရဲ့ အမွေဆက်ခံသူအဖြစ်လည်း အားလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်ရတယ်။ အကောင်းဆုံးကျိုးစားခဲ့သလို သူ့အနာဂတ်ကိုလည်း အကောင်းဆုံးမျှော်လင့်ထားပြီးသား။

ဒီနေ့လို ချီးတွင်းထဲ ခုန်ဆင်းရလိမ့်မယ်လို့ ကြိုမသိခဲ့ပဲပေါ့။

သူ့မှာ ချစ်သူမိန်းကလေးရှိပြီးသား ပညာအရည်အချင်းပြည့်စုံသလို ရုပ်ရည်ချောမောမှု မိဘအသိုင်းအဝိုင်း ထက်မြက်မှု သူ့အပေါ်လေးစားသမှု ရှိတာတွေ အားလုံးပြည့်စုံတယ်။

ပွဲတက်ဖို့ရော ကြင်ယာဘက်အနေနဲ့ပါ ပြည့်စုံတဲ့ ဖူးစာဖက်သူ့မှာရှိပြီးသား။ ဒါကို အဖေလည်းသိတယ်။

ဘာကြောင့် ဒီလို ပျော့တိပျော့ဖတ် သူဌေးသားနဲ့ သူ့ကို လက်ထပ်ပေးဖို့ စဉ်းစားသလဲ သူမတွေးတတ်တော့ဘူး။ သူ့ရှေ့က အစားအသောက်တွေကို မမြင်ဖူးသလို စားသောက်နေတဲ့သူကိုမှ လက်မထပ်ရင် Wang group အမွေတွေ လက်လွှတ်ရမယ်။

ဘယ်လောက်ပဲတော်တော် သူဟာ သူများအထက်မှာ ရှိနေဖို့ ဒီငွေတွေရှိထားမှ ဖြစ်မှာ။ သူပြတ်သားပြီးထက်မြက်တယ်ဆိုတာ Wang သူဌေးကြီးဆီက သင်ယူခဲ့တာ ပိုက်ဆံတွေလက်ထဲမရောက်သေးပဲ အဖေ့ကို ကလန်ကဆန်လုပ်ဖို့ သူမတွေးမိဘူး။

ဒါကြောင့်ပဲ ဒီနေ့ဒီနေရာထိ ရောက်လာခဲ့တာ။ ဟန်ပြလက်ထပ်ပြီး အဆုံးမှာ ကွာရှင်းပြစ်မယ်လို့ တွေးထားတယ်။

BJYXWhere stories live. Discover now