3 ~•-.•~

11.5K 1.2K 124
                                    

Zawgyi

သစ္စာပြုပြီးတဲ့နောက် ယောက်ကျားလေးနှစ်ယောက်ရဲ့ လက်ထပ်ပွဲက ဘုရားကျောင်းဘေးက ကုန်းပြင်မြင့်မှာပဲ သိုသိုသိပ်သိပ် ကျင်းပ ဖြစ်တယ်။ ညနေစောင်း နေညိုတဲ့အချိန် အစိမ်းရောင် မြက်ခင်းနုနုလေးတွေပေါ် မှာ အဖြူရောင် စားပွဲဝိုင်းလေးတွေရှိပြီး သတို့သားနှစ်ဦး ရပ်ရမယ့် စင်မြင့်ကပါ အဖြူရောင် ပိတ်စတို့နဲ့သာ ပြင်ဆင်ထားတယ်။ စားပွဲပေါ်က ပန်းအိုးထဲမှာတော့ တလုပ်စကားပန်းဖြူဖြူလေးတွေကို အခိုင်လိုက်လေး လှလှပပထိုးထားသေးတယ်။ ဝင်ပေါက်ခုံးခုံးလေးကိုလည်း စကားပန်းနဲ့သူ့အရွက်စိမ်းစိမ်းချွန်ချွန်လေးတွေနဲ့ အလှဆင်ထားတယ်။ လျှောက်လမ်းတိုလေးရဲ့ ဘယ်ညာမှာလည်း stand လေးတွေကို အဖြူရောင် ပိတ်စဖုံးက စကားပန်းနဲ့သာ ဆင်ယင်ထားတယ်။ မနီးမဝေးမှာလည်း စကားပင်တွေရှိနေပြန်တာကြောင့် မြက်ခင်းနုနုပေါ် ကြွေကျနေတဲ့ ကြွေဖြူအဆင်းစကားပန်းလေးတွေ အစီအရီမြင်တွေ့ရပါလိမ့်မယ်။ လေတစ်ချက်ဝေ့တိုင်း ရနံ့သင်းသင်းကို ခံစားရတယ်။

ချမ်းသာတဲ့မိသားစုနှစ်ခု ပေါင်းဖက်တာဆိုပေမယ့် သူတို့ မဂ်လာ အခမ်းအနားလေးက အေးအေးချမ်းချမ်းနဲ့ တိတ်တိတ်ဆိတ်ဆိတ်လေး ရှိနေတယ်။ အခန်းအနားထဲက သူအကုန်ကလည်း သတို့သားနှစ်ယောက်ကိုသာ ငေးမောနေကြတယ်။

Wang Yibo ကိုယ်တိုင်လည်း အတူတူပါပဲ။ သူ့လက်မောင်းပေါ် ချိတ်တင်ထားတဲ့ လက်သွယ်သွယ် ပိုင်ရှင်ကို ငေးမောနေရတာပါပဲ။ ခုနလေးမှ သူကိုယ်စွပ်ပေးထားတဲ့ဆင်တူလက်စွပ်လေးက Xiao Zhan လက်နဲ့မှ ပိုလိုက်ဖက်နေသလိုမျိုး။ အဖြူရောင်သတို့သား ဝတ်စုံကိုမှ Xiao Zhan အတွက်ချုပ်ပေးထားတာလေးက formal suit မဟုတ်ပဲ လက်နဲ့ လည်ပင်းနေရာလေးက အတွန့်လေးတွေ ကြိုးလေးတွေနဲ့ ဘယ်လိုပြောမလဲ အင်း…အရမ်းလှတယ်။ ခေါင်းပေါ်မှာ အဝိုင်းလေးခွေပြီး တင်ပေးထားတဲ့ တလုပ်စကားပန်းလေး တွေကြောင့်လည်း ပိုပြီး ကြည့်မဝစရာဖြစ်တယ်။ လက်ထဲက စကားပန်း လက်ကိုင်ပန်းစည်းလေးကို မကိုင်တတ်သလို ဟိုချဒီချ လုပ်ချင်နေတဲ့ပုံစံက ကြောင်ပေါက်သေးသေးလေး ဗိုက်မကာတော့တဲ့ အစာကို ဖွက်စရာနေရာ လိုက်ရှာနေသလိုပဲ။

BJYXWhere stories live. Discover now