Zawgyi
'ခရမ်းသီးကြီး ငါ့ပန်းကန်ထဲမထည့်နဲ့'
ထည့်ပေးဖို့ လုပ်နေတဲ့ Wang Yibo လက်က တန့်သွားကာ
'ဟောဗျာ… ဒါကခင်များချက်ထားတာမဟုတ်ဘူးလား'
'ဟုတ်တယ်လေ မင်းအတွက်ပဲလေ ငါမစားဘူး'
ငြင်းနေတဲ့ပုံက ခရမ်းသီးနဲ့ ရန်ဖြစ်ထားသလားမှတ်ရတယ်။ Xiao ဦးလေးက အစားအသောက် ပုံစံ လေ့ကျင့်ပေးထားလို့ စားသောက်တဲ့အချိန်တိုင်း အသားနဲ့ အသီးအရွက်က အမြဲတမ်းမျှပါအောင် Xiao Zhan က စီစဉ်တတ်တယ်။
တစ်ပါတ်တစ်ခါ အထားခံတဲ့ အသီးအရွက်တွေကို Wang Yibo က သောကြာနေ့တိုင်း အများကြီးဝယ်လာပေးရတယ်။ ငှက်ပျောသီး အမျှင်ဓါတ်ပါတဲ့အသီးမျိုးဆို တစ်ပါတ် နှစ်ဖီးလောက်ကိုဝယ်ပေးရတာ။ ဝမ်းမှန်တယ်တဲ့လေ။ အမှည့်လွန်ရက်လွန်နေရင်လည်း မစားတတ်ပြန်ဘူး။ အထားသိပ်မခံတဲ့ အရွက်စိမ်းတွေကို အစိမ်း အပြုတ် အသုတ်အရင်စားပြီး ထားလို့ရတာကို တစ်ပါတ်ပြည့်မယ့် ကြာသပတေး သောကြာမှ စားတတ်တယ်။ ဒီနေ့က ကြာသပတေးကိုမှ ခရမ်းသီးပဲကျန်တော့တာမို့ ဂျီးများပြီး မစားဘူးလုပ်နေတာ။
Wang Yibo က အသီးအရွက် သိပ်မကြိုက်ဘူး။ အသားနည်းနည်းနဲ့ ခေါက်ဆွဲလောက်ဆိုရင်ပဲ ပြည့်စုံနေပြီ။ ဒါပေမယ့် လက်ထပ်ပြီးကတည်းက အစိမ်းရောင်ရှိတဲ့ အရွက်အသီး အနီရောင်ရှိတဲ့အရွက်အသီးတွေဆို Wang Yibo မစားချင်မှ အဆုံး အတင်းကို ကျွေးတတ်တယ်။ တစ်ခါတစ်လေဆို သူကြိုက်မှန်းသိလို့ နံနံပင်ဆို ပန်ကန်းတစ်လုံးကြီး ထည့်ပေးထားတတ်သေးတာ။
အစားဆိုလည်း ထည့်ပေးတဲ့ ပမာဏ ကိုပဲစားခိုင်းတာ။ မဝလို့ ထပ်စားချင်ရင်တောင် မယူခိုင်းဘူး။ အရမ်းကို စနစ်ရှိတာ။ ခုတော့ Wang Yibo ပါအကျင့်ဖြစ်ပြီး အပြင်စာ စားမရတော့ဘူး။ ပွဲတွေတက်ရချိန်တိုင်း အခန်းအနားတွေမှာ ဧည့်ခံတဲ့ အကောင်းစား အစားအသောက်တွေကို သွင်းလို့ကို မရတော့တာ။ ဘာလိုလို့ လိုနေမှန်းမသိဘူး။ အနီတွေ အစိမ်းတွေမှ မမြင်ရတဲ့ ထမင်းဝိုင်းဟာ ထမင်းဝိုင်းနဲ့ကို မတူတော့ဘူး။
စားသောက်ပြီးတော့ Wang Yibo က ပန်းကန်တွေ ဆေးနေတဲ့အချိန် Xiao Zhan က သူတို့နှစ်ယောက်အတွက် အသီးဖျော်ရည် ဖျော်နေတယ်။ အသီးတွေကတော့ ကုန်လွန်းလို့ နှစ်ရက် တစ်ခါကို ဝယ်ပေးရတာ။
YOU ARE READING
BJYX
FanfictionYizhan Every single photo doesn't belong to the author. This is just imagination, and so if there is something inappropriate, please forgive me. Final update July-3-2021