9 (•-.•)

10.8K 1K 32
                                    

Zawgyi

'အခု Rachel ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရပြီလား'

Wang Yibo သက်ပြင်းရှိက်မိတယ်။ ဈေးအပြန် တိုက်ခန်းရှေ့မှာ စောင့်နေတဲ့ Rachel ကို မြင်မှ ချိန်းထားတာကို သတိရလိုက်တာ။ Rachel က သူတို့နှစ်ယောက်ကိုတွဲမြင်ကတည်းကအရမ်း ဝမ်းနည်းသွားသလို မျက်ရည်တွေပါ ဝိုင်းလာတော့ အခြေအနေကို Xiao Zhan ကပါ ရိပ်မိပြီး လက်ထဲက အထုပ်တွေ အကုန်ယူကာ အခန်းထဲ ဝင်သွားတယ်။

အဲ့ဒီနောက်တော့ Rachel နောက်ကို လိုက်လာတာ အခုတော့ တိုက်ရှေ့ကလမ်းမ ဘေးမှ မျက်နှာချင်းဆိုင် ရပ်နေမိတယ်။

'အဲ့လောက် လွယ်လား ကို။ Rachel ကို အပြီးအပြတ် စွန့်ပစ်ဖို့ တွေးနေတာလား။ ကို့ရဲ့ အနာဂတ် အစီအစဉ်ထဲ Rachel ပါခဲ့တာရော ဟုတ်တောင် ဟုတ်ရဲ့လား'

'………'

'အကို Xiao Zhan ကရော Rachel နဲ့လမ်းခွဲပြီးရင် ကို့ကို လက်ခံပေးမယ်တဲ့လား'

'မဟုတ်ဘူး! သူနဲ့ မဆိုင်ဘူး။ အရာအားလုံးက ကိုယ် နဲ့ပဲဆိုင်တယ်'

Rachel က သူ့စကားကို ကြားတော့ ခေါင်းမော့ကာ နာနာကျင်ကျင် ရီမောပါတယ်။

'အဟင်း…… စကားနဲ့တောင် အထိမခံတော့ ပါလား'

'တောင်းပန်ပါတယ် ဒီနေ့က ကိုယ်တကယ်မေ့သွားတာ'

'မေ့သွားတယ်တဲ့လား Rachel တို့အတွက် အရေးကြီးတဲ့ အရွေ့တစ်ခုကိုလေ။ သေရေး ရှင်ရေး တမျှ အရေးကြီးတဲ့ ကိစ္စမဟုတ်ပဲ အခြားတစ်ယောက်နဲ့ လျှောက်လည်နေလို့ မေ့ရတယ်တဲ့လား။ လွယ်လားကို နှစ်တွေအကြာကြီး နားလည်မှုနဲ့ တည်ဆောက်ခဲ့တဲ့ ဆက်ဆံရေးက ခုမှ တွေ့တဲ့လူဆီမှာ ပျက်ဆီးသွားရလောက်တဲ့ထိ။ Rachel ကို ချစ်ခဲ့တာရော ဟုတ်ရဲ့လား'

'……'

'အင်းပေါ့လေ အကို Xiao Zhan က သိပ်လှတာကို'

'သူ့ကို ဆွဲမထည့်နဲ့ Rachel!'

'ကို လုပ်တဲ့ လုပ်ရပ်ကိုက အကို Xiao Zhan ကိုညစ်နွမ်းစေတာ။ သူ့ကို Rachel က စကားတွေနဲ့ပဲ တိုက်ခိုက်တာ။

ကို ကတော့ အကို Xiao Zhan ကို မြူဆွယ်တတ်တဲ့သူ ဖြစ်အောင်လုပ်နေတာ'

BJYXWhere stories live. Discover now