Zawgyi
Cliffs Of Moher ကအပြန် Shannon မှာ Xiao Zhan အတွက် ပန်းချီပစ္စည်းတွေနဲ့ တတ်သလောက် မှတ်သလောက် ကောင်းမယ်ထင်တဲ့ ဒေသထွက်ဆေးတွေ ဝယ်ပြီးပြန်လာခဲ့တယ်။
လေယဉ်ပေါ်မတက်ခင် အိမ်ကို ဖုန်းတစ်ခေါက်ခေါ်ဖြစ်ပါတယ်။ အိမ်ပြန်ဖို့အတွက် Ireland မြေကို နှုတ်ဆက်ပြီး စိတ်အေးအေးထွက်ခွာခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် Xiao Zhan ရဲ့ မွေးရပ်မြေဖြစ်လို့ သူဒီနေရာကို သဘောကျပါတယ်။
Beijing ကို လေယဉ်ဆိုက်ချိန်မှာ ညနေ ငါးနာရီထိုးနေပြီဖြစ်တယ်။ Manager ကို ကြိုမှာထားလို့ လာပို့ထားတဲ့ ကားနဲ့ Xiao ဦးလေးကို အရင်လိုက်ပို့ရပါတယ်။ ဖုန်းကဒ်လဲပြီး အိမ်ကို ဖုန်းခေါ်ဖို့လုပ်ခါနီးမှာပဲ မခေါ်ပဲချလိုက်လိုက်မိတယ်။ ခုပဲ ပြန်ရောက်တော့မှာမလား။ မနားမနေ ရောက်ပြန် ခရီးထွက်ခဲ့ရလို့ လူက တော်တော်လေး ပင်ပန်းနေပါပြီ။ Xiao Zhan ဆီမြန်မြန်ရောက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပြစ်လိုက်ချင်တော့တယ်။
ဦးလေးကို ပြန်ပို့ပြီး သူတို့တိုက်ခန်းဘက်ထွက်လာတဲ့ လမ်းမှာ ဖုန်းတစ်ကောလ် ဝင်လာခဲ့တယ်။ နံပါတ်စိမ်းနဲ့ကိုမှ နောက်တစ်ခေါက် ထပ်ဝင်လာတဲ့အခါ ကားကို လမ်းဘေးချပြီး ကိုင်လိုက်ရပါတယ်။
'ဟယ်လို'
'လောင်ဝမ် လောင်ဝမ် ကယ်ပါဦး ငါ့ကို ချန်ဖေး ဖမ်းထားတယ်'
'ဘာ!!!'
လက်ဖျားခြေဖျားတွေ အေးစက်ပြီး ခေါင်းတွေတောင် တက်ကြီးလာရတယ်။
'Wang Yibo!'
'ေ*ွးမသား မင်းဘာလုပ်တာလဲ ခု Xiao Zhan ဘယ်မှာလဲ'
'ဘယ်လိုတောင် ဖြစ်နေတာလဲ ခင်များရယ်။ ခင်များ ကျွန်တော်ကို အရူးဇာတ်သွင်းတုန်းက သာသာယာယာ ပဲလုပ်ခဲ့တာမလား'
Wang Yibo ဒေါသ ဖြစ်လွန်းလို့ steering wheel ကို ထိုးကြိတ်နေမိတယ်။
'မင်းက $ရူးမို့ $ရူးလို ဆက်ဆံပေးတာ *ီးဖြစ်လား'
'ခင်များ $ပါစပ်ကို ပိတ်ထား။ မပိတ်ရင် ခင်များ ယောက်ကျား အသက်ကို အာမ မခံဘူး'
'မင်းက ဘာဖြစ်ချင်တာလဲ'
'ခင်များနဲ့ စာရင်းရှင်းချင်တာ။ တကယ်ရူးနေတာ ဘယ်သူလဲဆိုတာ ပြချင်တာ!!!!! လိပ်စာပို့လိုက်မယ် ရောက်အောင်လာခဲ့။ ကြောက်-ျီးပါပြီး ပထွေးတွေ ခေါ်မလာခဲ့နဲ့။ ခင်များ ယောက်ကျားက ကျွန်တော့် လက်ထဲမှာ'
YOU ARE READING
BJYX
FanfictionYizhan Every single photo doesn't belong to the author. This is just imagination, and so if there is something inappropriate, please forgive me. Final update July-3-2021