21 (\_/)

7.8K 864 126
                                    

Zawgyi

Ciffs of moher နားက hotel ဈေးတွေတက်သွား ပြန်ပြီလောင်ဝမ်။ လွန်ခဲ့တဲ့ သုံးနှစ်က ဈေးထက် အခုဈေးက ခေါက်ချိုးနီးပါးကို တက်သွားတာ……

~~~~~~~~~~~~~~~~~

လောင်ဝမ် ငါကြိုက်တဲ့ ပန်းချီဆရာ ပန်းချီသက်တမ်း နှစ်နှစ်ဆယ်ပြည့်အတွက် လက်ရာကောင်းတွေ သီးသန့်ပြသမယ်တဲ့။ ငါတော့ ပန်းချီမဆွဲဖြစ်တာ ကြာပြီ။ မင်းနိုးလာရင် model ထိုင်ပေးဦးနော်……

~~~~~~~~~~~~~~~~~

ဒီနေ့ အခန်းရှင်းတာ မြစ်ကမ်းဘေးမှာ မင်းနဲ့ငါ အတူဆွဲခိုင်းခဲ့တဲ့ ရုပ်ပြောင်ပန်းချီပြန်တွေ့တယ်။ နှစ်ယောက်လုံး ခေါင်းတွေအကြီးကြီးပဲ။ မင်းနိုးလာရင် ထပ်သွားရအောင်နော်……

~~~~~~~~~~~~~~~~~

ဒီနေ့ market ရောက်တယ် ကော်ဖီဘူးတွေတွေ့တယ် လောင်ဝမ်။ ငါမဝယ်ခဲ့ပါဘူး မင်းစကားကို နားထောင်ပါတယ်။ မင်းနိုးလာရင် နည်းနည်းလောက် သောက်ဖို့ ခွင့်ပြုပေးရမယ်နော်……

~~~~~~~~~~~~~~~~~

ဒီနေ့ ပါပါးက ငါ့ကို ပထမဆုံး အနေနဲ့ မာမားအကြောင်းပြောပြခဲ့တယ်။ မာမားက Ireland မှာ နှလုံးအစားထိုးကုသရင်းဆုံးပါးသွားခဲ့တာပါတဲ့။ ငါဝမ်းမနည်းပါဘူး နောက်ဆုံးတော့ မာမား အကြောင်း သိခွင့် ရခဲ့ပြီမလား………

~~~~~~~~~~~~~~~~~~

လောင်ဝမ် sorry နော် ငါဒီနေ့လာတာ နောက်ကျတယ် လမ်းမှာ မိုးရွာပြီး ကားတွေပိတ်နေလို့………

~~~~~~~~~~~~~~~~~~~

လောင်ဝမ် ဒီအရောင်လေး ကြိုက်လား နွေရာသီမို့ မင်းပူမှာ စိုးလို့ ပေါ့ပေါ့ပါးပါး ဖြစ်မယ့်ဟာ ရွေးဝယ်ခဲ့တယ်………

~~~~~~~~~~~~~~~~~~~

ဒီနေ့ ပါပါးဆီသွားဖြစ်တယ် အော ပါပါးရှောင် ကိုပြောတာ။ မင်းအတွက် လက်အိတ်လေးတွေထည့်ပေး လိုက်တယ်။ ဆောင်းရောက်တော့မှာ မို့လေ……

~~~~~~~~~~~~~~~~~

ငါ့နှလုံးက ပြန်ဖောက်လာပြီ လောင်ဝမ်။ မောလိုက်တာ……

~~~~~~~~~~~~~~~~~~~

ဆယ်နှစ်ရှိသွားပြီ မင်းအိပ်ပျော်နေတာ ငါမင်းကို စောင့်နေတယ်နော်……

BJYXWhere stories live. Discover now