2 (*-.*)

13.6K 1.1K 68
                                    

Zawgyi

ဆယ်ငါးမိနစ်လောက်ရှိသွားပြီး ခြံထဲမှာစကားပြောမယ်ဆိုပြီး နှစ်ယောက်လုံးထွက်လာခဲ့တာ။ Wang Yibo က မတ်တပ်ရပ်နေပြီး Xiao Zhan က ဒန်းပေါ်မှာထိုင်နေတယ်။ အနေအထားက မျက်နှာချင်းဆိုင်။သူရှေ့က လူကတော့ အရုပ်ကို ဒန်းပေါ်တင်ထားတဲ့အတိုင်းပဲ ငြိမ်နေတဲ့ပုံက။ သူဘက်ကပဲ စပြောဖို့ လုပ်လိုက်တယ်။

'ကျွန်တော်က ဒီလက်ထပ်ပွဲကို လက်မခံချင်ဘူး ဒါ…'

မော့ကြည့်လာတဲ့ မျက်ဝန်းကြည်ကြည်တွေက သူပြောမယ့်စကားတောင် တန့်သွားစေတယ်။

'အင်း'

သူ့ကို ဆက်ပြောစေချင်သလို စကားထောက်ပေးတဲ့အခါ  သတိရပြီး ပြန်ပြောဖို့ လုပ်ရတယ်။

'အဟမ်း… ဒါပေမယ့် အဖေက ခင်များနဲ့မယူရင် အမွေမပေးဘူး ဆိုလို့ ဖြစ်နိုင်ရင် ခင်များဘက်က ငြင်းပေးပါ'

'……'

သူစကားကို စဉ်းစားသလို တစ်ချက်တွေးနေတဲ့ပုံက မသိရင် အပြစ်သားက တရားသူကြီး အမိန့်နာခံနေရတဲ့အတိုင်းပဲ။

'အမွေက လက်ထပ်လိုက်ရင် ချက်ချင်းပေးမှာလား'

မထင်ထားတဲ့မေးခွန်းပဲ။

'တစ်နှစ်အတွင်း လွှဲပေးမယ်ပြောတာပဲ'

'အာ……'

အာ? ဒါပဲလား။ ဘာမှမပြောတော့ဘူးလား။ အကြောတင်း မြုံစိစိကို ကိုင်ဆောင့်ချင်လာပြီ။ Wang Yibo စိတ်ကို မနည်းဆွဲဆန့်ထားရတယ်။

'ငါကတော့ မင်းနဲ့ လက်ထပ်ချင်ပါတယ်'

'ဘာ!!!! မရဘူးနော် ကျွန်တော့်မှာ ချစ်သူရှိပြီးသား သူ့ကိုပဲချစ်…'

'နေ နေပါဦး'

'……'

သူ့စကားကို လက်ကာပြီး ဒန်းပေါ်ထိုင်နေရာကနေ မတ်တပ်ရပ်ကာ အနားတိုးလာတယ်။ ညဝတ်အင်္ကျီ ပွပွကြီးနဲ့ အင်္ကျီလက်က ပွပြီးရှည်ကာ လက်ခုံထိဖုံးနေသေးတယ်။ လည်တိုင်ကျော့ကျော့ရယ် တစ်ထပ်ထဲဝတ်ထားပုံရတာကြောင့် ပေါ်နေတဲ့ ညှပ်ရိုးဖြူဖြူလေးတွေကိုပါ အနီးကပ် မြင်နေရတယ်။

'ငါပြောတာက ခနသဘောမျိုးပါ ငါတို့နှစ်ယောက်လုံး ယောက်ကျားလေးတွေပဲလေ တစ်နှစ်လောက် လက်ထပ်ပြီး ကွာရှင်းလိုက်လဲ ဖြစ်တာပဲ။ မင်းကောင်မလေး လက်ခံရင်ပေါ့'

BJYXWhere stories live. Discover now