23 (*-.*)

8.3K 817 79
                                    

Zawgyi

Xiao Zhan, ကုသရေး စင်တာကို ရောက်ပြီးနောက်ပိုင်း heart donor ကိုသွားကြည့်ခဲ့ပါသေးတယ်။ england နိုင်ငံသား အမျိုးသား ဖြစ်ပြီး သမီးလေးတစ်ယောက်ရဲ့ ဖေဖေပါ။ အမျိုးသမီးနဲ့ ကလေးက ခက်ခက်ခဲခဲ ခွင့်ပြုပေးခဲ့တာပါ။

သမီးလေးက ခုမှ တစ်နှစ်သားအရွယ် တုပ်တုပ်ခဲခဲ ချစ်စရာလေးပါ။ ဒါလေးကို အဖေဖြစ်သူက နင့်နေအောင် ချစ်ရှာမှာ။ ကျန်ရစ်သူမိသားစုဟာ သူနဲ့တူပါတယ်။ သတိမေ့နေတဲ့ ချစ်ရသူကို စောင့်စားနေကြတဲ့သူတွေပါ။ မတူတာက Wang Yibo က brain dead မဖြစ်သွားတာပဲ ကံကောင်းလွန်း နေပါပြီ။

ခွဲစိတ်ပြီးလို့ သူအသက်ဆက်နိုင်ခဲ့ရင် ဒီမိသားစုကို ထောက်ပံ့ချင်ပါတယ်။ donor ဘက်က လက်ခံခဲ့ရင်ပေါ့။

လိုအပ်တွေအားလုံး ပြင်ဆင်ပြီးတော့ ခွဲခန်းထဲဝင်ရမယ့်အချိန်ရောက်လာခဲ့တယ်။ ပထမ တစ်ခေါက်နဲ့မတူ ဒီတစ်ခါ ခွဲခန်းဝင်ရတာ လက်တစ်ဖက်က လစ်ဟာနေခဲ့တယ်။ ပထမတစ်ခါ စက်ထည့်တုန်းက Wang Yibo က သူ့လက်ကို မြဲနေအောင် ဆုပ်ကိုင်ပေးထားခဲ့ပေးတာ။

မဝင်ခင် ပါပါးဝမ်ဆီ ဖုန်းဆက်ဖြစ်တယ်။

'ဟယ်လို ကျန့်ကျန့် အဆင်ပြေလား'

'ပါပါး သူ့ရင်ဘတ်ပေါ် ဖုန်း ကပ်ထားပေးပါလား'

'ဘယ်လို!'

'.........'

ခနလောက် ငြိမ်နေပြီးနောက် ပါပါးက ဖုန်းကို ရင်ဘတ်ပေါ် တင်ပေးလိုက်တယ်ထင်ပါတယ်။

'ဒုတ် ဒုတ် ဒုတ်......'

စည်းချက်မှန်မှန် ခုန်နေတဲ့ Wang Yibo ရဲ့ နှလုံးခုန်သံ။ ဒီရင်ခုန်သံကို နားထောင်ပြီ သူ့ရင်ဘတ်ပေါ် လက်တင်ပြီး အကြာကြီး ငြိမ်နေမိတယ်။

အကယ်၍ ဒီနေ့ဟာ နောက်ဆုံးနေ့ဖြစ်ခဲ့ရင် သူ့ရဲ့နောက်ဆုံး မှတ်ဥာဏ်ဟာ နောက်ဆုံး စိတ်ခံစားချက် အလုံးစုံကို ဒီအသံလေး ဆီမှာ ရပ်တန့်ခဲ့ပါရစေ။

နားထောင်လို့ ကောင်းပါတယ်။ ချစ်ရသူရဲ့ နှလုံးခုန်သံဟာ ကမ္ဘာပေါ် ရှိသမျှ တေးသွားတို့အားလုံးထက် ချိုမှိန်နေတာ။ ဒီအသံလေးကြောင့် မကြာခင်ဝင်ရမယ့် ကြောက်စရာ ခွဲခန်းကို ရဲရဲဝံ့ဝံ့ ဝင်ရောက်နိုင်မှာ သေချာပါတယ်။

BJYXWhere stories live. Discover now