16 ~•-.•~

9.4K 825 35
                                    

Zawgyi

'ကျေးဇူးတင်ပါတယ် ပြီးတော့ ချစ်တယ် ပေါင်ပေါင်း'

သူ့ဆန္ဒတွေရဲ့ အဆုံးသတ်မှာ ပြောမိတဲ့စကား ဖြစ်ပါတယ်။ ရှက်နေတဲ့သူကို စောင်နဲ့လုံးထွေးပြီး ဖက်ထားမိတယ်။

ရေချိုးသန့်ရှင်းဖို့ကို အကဲပိုတဲ့သူက Wang Yibo ကို အကူမခံပဲ စောင်တွေနဲ့ တစ်ကိုယ်လုံး ပါတ်ထုပ်ပြီး တစ်ယောက်တည်းပဲ ရေချိုးခန်းဝင်သွားတယ်။

'ဘာရှက်စရာ ရှိလို့လဲ အကုန်မြင်ပြီးပြီပဲကို'

နှစ်ယောက်လုံးရေချိုးအပြီးမှာ Xiao Zhan က တကယ်ပဲ အိပ်ပျော်သွားပေမယ့် Wang Yibo ကတော့ အိပ်လို့မရနိုင် ဖြစ်နေတယ်။ ရင်ခုန်တာရော ကျေနပ်နေတာရော ပါ ရောပြွန်းနေတာ။ Xiao Zhan က သူ့ကို ကျောခိုင်းပြီး အသက်ရှူမှန်မှန်နဲ့ အိပ်ပျော်သွားပြီ။

'ပေါင်ပေါင်း'

Xiao Zhan ဝတ်ထားတဲ့ bathrobe စကြီးကို ဆွဲကာ ခေါ်မိတယ်။ သူတစ်ယောက်တည်း စိတ်တွေ လှုပ်ရှားနေရတာတော့ မဟုတ်သေးဘူး။

'ပေါင်ပေါင်း အမလေး!'

Xiao Zhan က ရုတ်တရက်ကြီး ထ ထိုင်လိုက်တာ။

'ဘယ်လိုဖြစ်ပြီး ဂနာ မငြိမ်ဖြစ်နေတာလဲ'

သူ အလူးအလဲ ထပြီး Xiao Zhan လိုပဲ ငုတ်တုတ်ထိုင်ရတယ်။

'ဟုတ်တယ်မလား'

'ဘာကိုလဲ'

'စိတ်လှုပ်ရှားနေတာ'

မျက်နှာတွေနီသွားပြီ။ သေချာတာပေါ့ ခုနက အိပ်ချင်ယောင် ဆောင်နေတာ!

Xiao Zhan ရဲ့ လက်ကို ဆွဲပြီး သူ့ရင်ဘတ်ပေါ် တင်ပေးလိုက်တယ်။ ခုန်နေတဲ့ကောင်က 100 ကျော်နေပြီ သူပါ နှလုံးရောဂါရတော့မှာလား။

ခုထိ အဖြစ်အပျက်တွေကို မယုံနိုင်သေးဘူး။ Xiao Zhan ရဲ့ လည်ပင်းမှာ ပေါ်နေတဲ့အမှတ်လေးကို လက်နဲ့ထိကြည့်မိတယ်။ ပျော်သလို ကြည်နူးနေသလိုနဲ့ Xiao Zhan က သူ့အပိုင်! သူတစ်ယောက်တည်းရဲ့ အပိုင်!

'ဖြောင်း!!!'

'အား!'

သူ့လက်ကို ရိုက်ချလိုက်တာ။

'ဘာ ဖြစ်နေတာလဲ အိပ်တော့'

'ကျွန်တော် အိပ်လို့မရဘူး'

BJYXWhere stories live. Discover now