24 /)/)

8.5K 811 43
                                    

Zawgyi

Xiao Zhan ဟာ အကြာကြီး အားရအောင် ငိုပြီးတဲ့နောက် သူ့ရင်ခွင်ထဲမှာပဲ အိပ်ပျော်သွားတော့တယ်။

နှစ်အကြာကြီး မလှုပ်မယှက် မေ့မျောခဲ့ရတဲ့သူ့အဖို့ ခန္ဓာကိုယ်အောက်ပိုင်းက ထင်သလို လှုပ်ရှားလို့ မရပါဘူး။ ခြေထောက်တွေက အားမရှိတော့သလို ချိနဲ့နေခဲ့တာ။ လှုပ်ရှားရတာ အရာရာ နှေးကွေးနေတော့တယ်။

ခေါင်းဦးပေါ်ကို Xiao Zhan ကို ဖြည်းဖြည်းချင်း လှဲသိပ်လိုက်ရတယ်။ အကြာကြီး ငိုထားလို့ ပေပွနေတဲ့နှပ်တွေကို အိပ်ကပ်ထဲဆောင်ထားမိတဲ့ wet tissue နဲ့ ဖြည်းဖြည်းချင်း ဖယ်ရှားပေးဖို့လုပ်ရတယ်။

မျက်နှာပေါ်ရွေ့လျားနေတဲ့ သူရဲ့လက်ဟာ ညှင်ညှင်သာသာနဲ့ အိပ်ပျော်နေတဲ့သူ နိုးမသွားရလေအောင် အတတ်နိုင်ဆုံး ထိန်းကာ သန့်ရှင်းပေးဖြစ်ပါတယ်။

ငိုထားလို့ ဖောင်းနေတဲ့ မျက်ခွံကြည်ကြည်လေးတွေ ပါးမို့မို့ရဲရဲလေးတွေနဲ့ မျက်တောင်လေးတွေက မျက်ရည်နဲ့လုံးပြီး ပူးကပ်နေရှာတယ်။ ခေါင်းချွေးတွေနဲ့ ထွက်နေပြီ။ တကယ်ကို သနားစရာ ကြောင်ပေါက်ကလေးလို ဖြစ်နေတယ်။

မျက်ရည်တွေက မခြောက်တခြောက် ဖြစ်နေတာကြောင့် စေးကပ်ကပ်ပါးပေါ် ဖွဖွလေး နမ်းရှိုက်မိတယ်။ သူလည်း အရမ်းလွမ်းနေခဲ့ရတာပါ။

ခေါင်းချွေးတွေနဲ့ ပဝါနဲ့သေချာ သုတ်ပေးပြီးနောက် သူပါလှဲအိပ်လိုက်မိတယ်။ ဘေးစောင်းမြင်နေရတဲ့ မျက်နှာလှလှလေးကို ကြည့်ပြီး ပါးပြင်ကို တဖွဖွနမ်းရှိုက်မိတယ်။

'ကျေးဇူးတင်ပါတယ် စောင့်နေပေးခဲ့လို့'

################

Xiao Zhan ဆေးရုံ တက်ရတဲ့ရက်တွေက ပြီးဆုံးတော့မှာ ဖြစ်တယ်။ ဒီရက်တွေက လူနာလေးက ဆေးကုသခံယူနေသလို Wang Yibo ကလည်း သူ့ခြေထောက်တွေ ပုံမှန်သွားလာလို့ ရအောင် ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့ရတယ်။

နေ့လည်ဘက်ဆို ဆေးရုံခန်းထဲ နှစ်ယောက်အတူ ရှိပြီး ညနေဆိုရင် ဆေးရုံဝန်းထဲက လူနာတွေအတွက် လုပ်ပေးထားတဲ့ ပန်းခြံဝန်းထဲမှာရှိနေတတ်တယ်။ Wang Yibo က walking frame နဲ့ လမ်းလျှောက်တာကို အရိပ်ရတဲ့ ပန်းခြံကဘောင်လေးပေါ်မှာ ထိုင်ကြည့် ဖြစ်တယ်။ ပန်းခြံကအရမ်းမကျယ်တာကြောင့် အမြဲတမ်း တစ်ပါတ်ပြည့်အောင် Wang Yibo က အားယူလျှောက်ရတယ်။ တစ်ပါတ်ပြည့်လို့ Xiao Zhan ဆီပြန်ရောက်လာရင် နဖူးတွေ ကျောတွေမှာ ချွေးတွေရွှဲနစ်နေပါရော။

BJYXWhere stories live. Discover now