25 (*-.*)

9.5K 770 85
                                    

Zawgyi

ဆေးရုံဆင်းပြီးနောက်ပိုင်း ကတိအတိုင်း Lunar လေးတို့ဆီကို အလည်သွားဖြစ်ခဲ့ပါတယ်။ Wang Yibo ရဲ့ ခြေထောက်တွေကလည်း walking frame မပါပဲ ပြန်လျှောက်လို့ရနေပြီဖြစ်တယ်။ နှေးနေသေးတာက လွဲလို့ပေါ့။

အလှူရှင်အမျိုးသား နဲ့သူ့ဇနီးဟာ မိဘမဲ့ဂေဟာမှာ သူငယ်ချင်းအဖြစ်ကနေ ချစ်ကြိုးသွယ်ခဲ့ကြတယ်။ မိမရှိ ဖမရှိ ဆွေမျိုးအသိုင်းအဝိုင်းမရှိပဲ တစ်ယောက်နဲ့တစ်ယောက် အပြန်လှန်အားကိုး နေထိုင်ခဲ့ကြတယ်။ သူတို့ရဲ့ ကိုယ်ပွားလေးဖြစ်တဲ့ Lunar လေး တစ်နှစ်ကျော်ကျော်မှာပဲ အမျိုးသားဖြစ်သူဟာ အလုပ်ထဲ accident ဖြစ်ပြီး brain dead လူနာ ဖြစ်သွားခဲ့ရတယ်။

ဝမ်းနည်းစရာ ဒီမိသားစုရဲ့ ပြိုကွဲမှုကနေ နောက်ထပ်လူတစ်ယောက်ကို အသက်ဆက်ပေးနိုင်ခဲ့တာကတော့ အမြတ်ဖြစ်ပါတယ်။ ညစာစားတဲ့အခါ သူတို့အတွက် ပြည့်ပြည့်စုံစုံ ဧည့်ခံပေးခဲ့တယ်။ ဝိုင်သောက်ရင်း မူးလာတဲ့အခါ သူ့အမျိုးသား အကြောင်း ပြောပြီး ငိုကြွေးခဲ့တယ်။ အကြောင်းစုံကိုသိတော့ ကလေးတောင်းမယ့် သူတို့နှစ်ယောက်လည်း စကားတွေ မျိုချတာ ငြိမ်နေရတော့တယ်။ Lunar လေးကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့တယ်။

စားသောက်ပြီးတဲ့နောက် ကလေးကိုလာကြည့်ရပါတယ်။ Xiao Zhan ကတော့ ကလေးလေး ပါးတွေကို တို့လိုက် အိပ်ပျော်နေလို့ ပြေချင်နေတဲ့ လက်သီးဆုပ်သေးသေးလေးထဲ လက်ထိုးထည့်လိုက်နဲ့ တော်တော်ချစ်နေရှာတယ်။

'အရမ်း ချစ်တာပဲလား ပေါင်ပေါင်း!'

ကလေးနိုးသွားမှာစိုးလို့ နှစ်ယောက်သား ခေါင်းချင်းပူးပြီး တိုးတိုးချင်း ကပ်ပြောနေတယ်။

'အင်း ငါလေ…'

'အင်း ပြော'

'အရမ်းချစ်တာပဲ ခွဲခန်းမဝင်ခင်က ဒီကလေးကို တစ်ခါ တွေ့ဖူးတယ် ဒါပေမယ့် ခုနောက်ပိုင်း ပိုချစ်တယ်'

'……'

'သူ့အဖေ နှလုံးကို ယူထားမိလို့များလား'

'……'

ပါးတွေက ဝိုင်သောက်ပြီး နီစွေးစွေးလေးနဲ့ မူးနေပြီ။ မျက်လုံးလေးတွေက စင်းကျနေပြီး တကယ်အမူးသမား လေး ဖြစ်နေပြီ။ ဒါတောင် Wang Yibo က မတည့်မှန်းသိလို့ နည်းနည်းပဲသောက်ခိုင်းထားလို့။

BJYXWhere stories live. Discover now