Zawgyi
'နှလုံး ကြွက်သား အားနည်းတာ?'
'ခန္ဓာကိုယ်မှာ ရှိတဲ့ နှလုံးကြွက်သားတွေဟာ အဆုပ်ကရှူသွင်းလိုက်တဲ့ oxygen နဲ့ သွေးညစ်တွေကို သန့်စင်ခြင်းအပြီးမှာ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့သွေးသန့် ပမာဏ ကို သွေးလည်ပါတ်ဖို့အတွက် ညစ်ထုတ်ရတဲ့ တာဝန်ကို အဓိက ယူပေးရတယ်'
'……'
'အခုလူနာက မွေးရာပါ နှလုံးကြွက်သား အားနည်းတာ'
'ကု ကုလို့ရတယ်မလား ဆရာ'
Wang Yibo လက်ဖျားတွေတုန်ချိနေတယ်။ ဆေးရုံကို တန်းလာပြီးနောက်မှာ ဆရာဝန်က လူနာရှင်နဲ့တွေ့ဖို့ တောင်းဆိုတာကြောင့် သူကခု ဆရာဝန်ရဲ့ ရုံးခန်းထဲရောက်နေရတယ်။ Xiao ဦးလေးကိုတော့ လူနာစောင့်ရှောက်ဖို့ထားခဲ့ရတယ်။
'အင်း… heart failure လို့ခေါ်တယ်။ ကုသဖို့ အဆင့်သုံးဆင့်ရှိတယ်။ ပထမအဆင့်က ဆေး အစာ လေ့ကျင့်ခန်းလုပ်တာတွေနဲ့ ထိန်းတာ။
အခုလူနာက မွေးကတည်းက ပထမအဆင့်နဲ့ ထိန်းလာခဲ့တာ။ အခုချိန်မှာ ကြွက်သားတွေက အလုပ်မှန်မှန်မလုပ်နိုင်တော့ဘူး။
အဲ့တော့ နောက်တစ်ဆင့်အနေနဲ့က စက်ထည့်ပြီး နှလုံးခုန်နှုန်းကို ထိန်းရမှာ'
'အဲ့လို လုပ်ရင် လူကောင်းပြန်ဖြစ်လာမှာလားဆရာ'
'heart failure သမားတွေက ဘယ်လိုမှ လူကောင်းပြန်မဖြစ်နိုင်ဘူး
စက်နဲ့ထိန်းတယ်ဆိုတာလည်း နှလုံးရဲ့ ကြံခိုင်ရည် အတိုင်းအတာ တစ်ခုထိပဲ'
'……'
'……'
'နောက်ဆုံး အဆင့်ကရော ဆရာ'
ဒီစကားကို မေးတဲ့အချိန်မှာ Wang Yibo အများကြီး ပြင်ဆင်ထားရတယ်။ သူမကြားနိုင်တဲ့ စကားတွေမဖြစ်ပါစေနဲ့ လိုဆုတောင်းရင်း။
'နှလုံးအစားထိုးတာ'
'……'
အစားထိုးရမယ်! Xiao Zhan အသက်ရှင်ဖို့အတွက်က ခက်ခဲလိုက်တာ။ လက်ဝါးထဲ မျက်နှာအပ်ပြီး သက်ပြင်းအကြိမ်ကြိမ်ချမိတယ်။
ဆရာဝန်ကလည်း သူ့ကိုကြည့်ပြီး သက်ပြင်းချပါတယ်။ ရုံးခန်းထဲ စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေချည်း ပြည့်ကြပ်နေတယ်။
YOU ARE READING
BJYX
FanfictionYizhan Every single photo doesn't belong to the author. This is just imagination, and so if there is something inappropriate, please forgive me. Final update July-3-2021