19 (^-.^)

7K 838 53
                                    

Zawgyi

ခွဲစိတ်လို့ ပြီးတဲ့အခါ Wang Yibo ကို သတိလည်တဲ့အထိ အထူးကြပ်မတ်ကုသဆောင် (icu) မှာ ထားဖို့ရာ ခေါ်သွားကြတယ်။ ဆေးဝန်ထမ်းတွေ အများကြီးနဲ့ အလျင်စလို လှုပ်ရှားသွားလာနေကြပြီး လူနာရှင်တွေကတော့ အသက်အန္တရယ် မရှိတော့ဘူး လောက်ပဲ အကြမ်းပျဉ်းသိထားရတယ်။

ခုချိန်ထိ Xiao Zhan ဟာ Wang Yibo ကို သေချာ မမြင်ရသေးတာ ဖြစ်ပါတယ်။ အခန်းဝကနေ လူအုပ်ကြီး အလယ်က Wang Yibo ကို ခြေဖျားထောက်ကာ မျှော်ကြည့်နေရတယ်။

'ဆရာမ ခနလောက် ကြည့်လို့ရပြီလားဟင်'

ဆရာဝန်တွေ nurse တွေ အလုပ်ရှုပ်နေမှန်းသိပေမယ့် သူမစောင့်နိုင်တော့ဘူး။ ကြည့်ပါရစေ။

'ခနလေးပါနော်'

သူက ခြေဖျားထောက်ပြီး ဆက်ကြည့်နေတဲ့အခါ ပါပါးက သူ့ကို အခန်းဝကနေ ဆွဲခေါ်သွားတယ်။

'ပါပါး'

'အင်း အသက်အန္တရယ်မရှိတော့ဘူးတဲ့ ခနလောက် စောင့်ပေးလိုက်ပါ'

'ပါပါး သူအကောင်အတိုင်းတော့ ပြန်ဖြစ်မှာပါနော်'

'အင်း'

ဆရာဝန်တွေအကုန်ထွက်လာတဲ့အခါ လူနာအကြောင်းပြောဖို့ရာ ပါပါးနဲ့ ပါပါးဝမ်က လိုက်သွားကြတယ်။ သူက Wang Yibo ကို ကြည့်ဖို့ပဲကျန်ခဲ့တယ်။ ကျန်တာ အရေးမကြီးပါဘူး မစိုးရိမ်ရဘူး ဆိုတာ သေချာဖို့ သူကိုယ်တိုင်ကြည့်မှ ရမယ်။

ခွဲစိတ်ထားတဲ့ ဒဏ်ရာထဲ ပိုးဝင်တာမျိုး မဖြစ်စေဖို့ Xiao Zhan ဟာ ခွဲစိတ်ခန်းဝတ်ရုံကို ဝတ်ရပါတယ်။ mask တွေ ခေါင်းစွတ်တွေအပြင် လက်အိတ်တွေပါ စွတ်ထားရတယ်။

အကုန်ပြင်ဆင်ပြီးလို့ သူ့ကို Wang Yibo ရှိရာ ခေါ်သွားတဲ့အချိန်မှာ စိတ်တွေလှုပ်ရှားနေမိတယ်။ သူက နှလုံးခုန်အရမ်းမြန်တာမျိုး စိတ်လှုပ်ရှားတာမျိုးတွေ အဆင်မပြေတာမို့ စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားတာတောင် ရင်တွေအတိုင်းအဆမရှိ ခုန်နေတယ်။ လက်ထပ်တုန်းက ဘုရားကျောင်းမှာ ပါပါးလက်ကိုတွဲရင်း သူ့ကို မျှော်ကြည့်နေတဲ့ ခန့်ညားလွန်းတဲ့သူဆီ သွားရတုန်းကလို ပြန်ခုန်နေတာ ဖြစ်တယ်။

BJYXWhere stories live. Discover now