Zawgyi
hotel မှာ နှစ်ညအိပ်ပြီးနောက် နေ့လည်ဆယ်နာရီကျော်မှ အိမ်ပြန်လာခဲ့တယ်။ ခုချိန်လောက်ဆို Xiao Zhan က ကျောင်းသွား နေလောက်ပြီ။ စိတ်မလုံလို့ Xiao Zhan နဲ့လည်း မျက်နှာချင်းမဆိုင်ရဲဘူး။ အဆိုးဆုံးက Xiao Zhan ရှေ့မှာ သူ့ကိုယ်သူ မထိန်းကွပ်နိုင်မှာကို။
တံခါးဖွင့်လိုက်တော့ တစ်အိမ်လုံး ငြိမ်သက်နေလို့ သက်ပြင်းချပြီး ရေသောက်ဖို့ မီးဖိုခန်းထဲ ဝင်လာလိုက်တယ်။ စားပွဲပေါ်မလည်း ဘာစားစရာမှ မရှိဘူး။ ရေခဲသေတ္တာထဲလည်း ပြတ်လပ်နေပြီ။
Wang Yibo သူ့နဖူးသူ ပြန်ရိုက်မိတယ်။ ဟုတ်သားပဲ ဒီနေ့ အိမ်အတွက် ဈေးဝယ်ပေးရမယ့်နေ့ပဲ။ ရေချိုးပြင်ဆင်ပြီးမှ ဈေးဝယ်ဖို့လုပ်ရပါမယ်။ ဖုန်းပါပိတ်ထားပြီး hotel မှာ အောင်းနေတာ ခုလောက်ဆို အလုပ်တွေပုံနေပြီ ရှင်းရတော့မယ်။
ကိုယ့်အတွေးနဲ့ကိုယ် ရေဘူးဖွင့်ပြီး မော့သောက်နေတုန်း မီးဖိုခန်းဝက အရိပ်တွေ့လို့ လှည့်ကြည့်တော့
'ဖူး…………အဟွတ် အဟွတ်'
ပါစပ်ထဲ ငုံထားတဲ့ ရေတွေအကုန်ပြန်ထွက်ကုန်တယ်။ ကျောင်းသွားပြီ ထင်တဲ့ Xiao Zhan က မီးဖိုခန်းဝမှာ။
အဖြူရောင် လက်ရှည်ပွပွမှာရော မျက်နှာတွေ လက်တွေမှာပါ ဆေးရောင်စုံ ဟိုတစ်စ ဒီတစ်စ စင်လို့နေတယ်။ လည်ဟိုက်ကျယ်ပုံရတာကြောင့်ရော အပေါ်ကြယ်သီးပြုတ်နေတာရောကြောင့် အင်္ကျီက ပုခုံးဆီ လျောကျနေပြီး လည်တိုင် နဲ့ ရင်ညွန့်နားလောက်ထိ မြင်နေရပါတယ်။
ပြီးတော့ အဲ့ဒီအသားဖြူဖြူပေါ်က ဆေးစက်လေးတွေက ပန်းပွင့်ဖက်လေးတွေလို……
ရုတ်တရက် ပန်းခင်းထဲက သူကို သတိရလာတဲ့အခါ ချောင်းဆိုက ရပ်လို့ကို မရတော့တာဖြစ်တယ်။ Xiao Zhan ကလည်း သူ့ကိုကူပေးဖို့ အနားကပ်လာကြောင့် နောက်ဆုတ်ရင်း လက်ကာပြရတယ်။ အခုအခြေအနေမှာ သူ့အနားကို Xiao Zhan ရောက်လာလို့မဖြစ်ဘူး။
ကိုယ့်အတွေးနဲ့ကိုယ် နောက်ဆုတ်ကာ တားတော့ Xiao Zhan က နေရာတင်ရပ်ကာ လှည့်ထွက်သွားပါတယ်။ မျက်နှာလေးက မဲ့နေတယ်။ စိတ်ဆိုးသွားပြီလား မပြောတတ်ဘူး။ အန္တရယ်မသိ ဘာမသိနဲ့ သူ့အနားကို လာရဲသေးတယ်!
![](https://img.wattpad.com/cover/272462542-288-k829195.jpg)
YOU ARE READING
BJYX
FanfictionYizhan Every single photo doesn't belong to the author. This is just imagination, and so if there is something inappropriate, please forgive me. Final update July-3-2021