4 (\_/).

10.9K 1.2K 31
                                    

Zawgyi

Wang Yibo, ရုံးအဆင်း Wang group ကနေ ပြန်လာတာ အခု သူတို့နေတဲ့တိုက်ခန်းရှေ့ရောက်နေပြီ။ အခန်း bell နှိပ်ပြီး တံခါးလာဖွင့်တာစောင့်နေလိုက်တယ်။

အမှန်ဆို ဒီအခန်း password ကသူကိုယ်တိုင်ထည့်ထားတာ။ ဒါပေမယ့် မဖွင့်ချင်ဘူး။ အခန်းတံခါးကို အားတက်သရော လာဖွင့်ပေးမယ့်သူကို မြင်ချင်လို့။

သူတို့နှစ်ယောက် လက်ထပ်ထားတာ အခုဆို တစ်လတောင် ပြည့်တော့မယ်။ မင်္ဂလာအခန်းအနားပြီးတဲ့ နောက်တစ်နေ့ကစပြီး Xiao Zhan ကသူ့ကို လိုချင်တာ အမျိုးမျိုးကို မရိုးရအောင် ပူဆာတာ။ Xiao ဦးလေးရဲ့တောင်းဆိုချက်ကြောင့် ပိုက်ဆံပေးမသုံးခိုင်းပဲ လိုချင်တာကိုသာ Wang Yibo ဆီက ပူဆာခိုင်းတာ ဖြစ်တယ်။

အခုဆို အကျင့်ဖြစ်နေတဲ့အတိုင်း မနက်ပိုင်းဆို လိုချင်တာတွေ စာရွက်လေးနဲ့ရေးပြီး ရုံးသွားခါနီး coat အင်္ကျီ အိတ်ကပ်ထဲထည့်ပေးလိုက်တာ။ ညနေပြန်လာရင်တော့ လိုချင်တာပါလာလားဆိုတာ သိဖို့ သူ့ကို အားတက်သရော ကြိုဆိုတတ်တာ။ ဘာလို့မှန်းမသိ အပြုံးနဲ့ တံခါးဖွင့်ပေတဲ့ သူရဲ့ မျက်နှာလေးက သူ့ကိုပါ အပျော်တွေကူးစက်စေပါတယ်။

'လောင်ဝမ် ပေးပေး အထုတ်တွေ'

ပြုံးရွှင်နေတဲ့မျက်နှာလေးက ရွှေရင်အေးလေးလို။

'နေ့လည်က ခင်များ ပါပါးလာသွားတယ်။ ရုံးခန်းကို'

'ပါပါး?'

သူ့စကားကို နားမလည်သလို စကားထောက်ပြီး Wang Yibo သောက်ဖို့ အဆင်သင့်ခပ်ထားတဲ့ ရေခွက်ကမ်းပေးတယ်။ Wang Yibo ရေသောက်တဲ့အချိန် ချွတ်ထားတဲ့ coat ကိုလက်လွှဲယူပြီး ပုခုံးပေါ်တင်ထားပြန်တယ်။ သောက်ပြီးသားရေခွက်ကို ယူပြီး မီးဖိုခန်းထဲပြန်ဝင်သွားတာမို့ စကားပြောချင်တဲ့သူက နောက်က လိုက်ရပါတယ်။

Xiao Zhan က အမြဲ အဖြူရောင် shirtပွပွ နဲ့ ကာကီရောင် ဘောင်ဘီပွပွလေးတွေကိုသာ ဝတ်တတ်တယ်။ အသားဖြူဖြူ နဲ့ အဲ့ဒီအဝတ်အစားလေးတွေက တကယ်ကို လိုက်ဖက်ညီနေတာ။

'အင်း ပန်းချီ ပစ္စည်းတွေဝယ်မပေးဖို့ လာပြောတာ'

'ဟာ! ပါပါးက လုပ်ပြီ အဲ့ဒါဆို ငါမှာလိုက်တဲ့ ဆေးမပါလာဘူးပေါ့'

BJYXWhere stories live. Discover now