20 /)/)

7.9K 879 81
                                    

Zawgyi

'နိဟောင် ဦးလေး'

'ကျန့်ကျန့်လေး လာပြီလား အချိန်မှန်ပဲဟေ့'

'ဟုတ်ကဲ့'

မနက်အစောကြီး နေရောင်မသဲကွဲသေးတဲ့အချိန် ဆေးရုံအဝမှာ ဂိတ်စောင့် ဦးလေးနဲ့ တွေ့လို့ နှုတ်ဆက်ဖြစ်တယ်။

Wang Yibo ဆေးရုံစ တက်ကတည်းက သူဟာ မနက်အစောကြီးဆေးရုံကိုရောက်အောက်လာပြီး မှောင်ပြီဆိုမှ အိမ်ပြန်တက်ပါတယ်။ စီးပွားရေး လုပ်ငန်းစုကြီးနှစ်ခုရဲ့ ဆက်ခံသူကို ဆေးရုံက လိုလေသေးမရှိ စောင့်ရှောက်ပေးနိုင်မှန်း နားလည်ပေမယ့် Xiao Zhan ကတော့ နေ့စဉ်ရက်ဆက် မပျက်မကွက် လူနာ ပြုစုရေး တာဝန်ထမ်းဆောင်ခဲ့တယ်။

သုံးလကျော်သွားပြီ။

သူ့ရဲ့နေ့ရက်တွေဟာ ပုံမှန် အသားကျစွာလည်ပါတ်နေပါပြီ။ ဆေးရုံက ဆေးနံ့တွေကို ကြောက်တတ်လွန်းတဲ့သူဟာ ခုတော့ ဆေးရုံအပြင်ဘက် လျှောက်လမ်းကလေ အေးအေးဆေးဆေး ရှူရှိက်ရင်း လျှောက်နေမိတယ်။ သူကဒီဆေးနံ့တွေ ကြောက်နေလို့ရော ဘာများထူးခြားသွားမှာလဲ ပုန်းခိုစရာ ရင်ခွင်မှ မရှိတော့တာ။ အရာအားလုံးဟာ ကြိုတင်စီစဉ်ခဲ့သယောင် စနစ်တကျ ယဉ်ပါးလာခဲ့ရတယ်။

နေ့တိုင်း မျှော်လင့်ချက်တွေနဲ့ အားတင်ရင်း ဝမ်းနည်းစရာတွေမေ့ထားခဲ့တယ်။ ဟင့်အင်း မေ့ထားခဲ့တာမဟုတ်ဘူး မေ့ချင်ယောင်ဆောင်နေခဲ့တာ။

တစ်ယောက်တည်း ဖြစ်နေတဲ့သူ့ကို ပါပါးက အိမ်ပြန်ခေါ်ပေမယ့် Xiao Zhan ကတော့ ခေါင်းမာစွာပဲ သူတို့ရဲ့ တိုက်ခန်းလေးကို မစွန့်ခွာခဲ့ဘူး။

နေ့လည်ဘက်တွေဆို ဆေးရုံမှာ ရှိမယ်။ ညဘက်တွေဆို တိုက်ခန်းမှာပေါ့။ သူ့မှာ အိမ်ပြန်နောက်ကျရင် စိတ်ဆိုးပြီး အခွံထဲ ဝင်ကာ ကျောက်တုံးလို ငြိမ်နေတတ်တဲ့ ရှောင်ရှောင်းလဲ ရှိနေသေးတယ်။

အရင်က အရမ်းကို ချစ်ခဲ့တဲ့ Maple ပင်ကို သူသိပ်မုန်းလာတယ်။ Xiao Zhan မေ့ထားချင်တဲ့ အချိန်ကုန်ဆုံးတာတွေ ဥတုရာသီအပြောင်းအလဲ တွေကို အရွက်တွေအရောင်ပြောင်းပြီး သတိပေးတတ်လို့လေ။

BJYXWhere stories live. Discover now