Extra 2 🌺

18.4K 877 13
                                    

"တောင်းပန်ပါတယ်အန်တီ..."

ဧည့်ခန်းထဲတွင် ဒေါ်သူဇာရဲ့ရှေ့မှာ ဒူးထောက်ချရင်း တောင်းပန်စကားဆိုနေတဲ့နွေဦးမာန်က
ခေါင်းကိုသာ ငုံ့ထားလေတယ်

"ကျနော်သာ အဲ့တုန်းက daddyကိုတားနိုင်ခဲ့ရင်
ဦးလေးသေခဲ့ရမှာမဟုတ်ဘူး ကျနော်တောင်းပန်ပါတယ်.."

မျက်ရည်တွေဝဲကာ တောင်းပန်စကား ထပ်တလဲလဲဆိုနေတဲ့ တူဖြစ်သူကိုကြည့်ရင်း
ဒေါ်သူဇာလည်းမျက်ရည်များကျလာရပြီ

"ထပါအုံးသားလေးရယ် လာပါအုံး အန်တီအနား
လာထိုင်ပါအုံး.."

ဒေါ်သူဇာ ဆွဲခေါ်လေတော့ သူမအနီးနားဝင်ထိုင်လိုက်တ့နွေဦးကို မျက်ရည်တွေကြားကနေ ပြုံးကြည့်ရင်း

"အန်တီခွင့်လွှတ်ပါတယ်ကွယ်..သားကငယ်သေးတော့ ဘာများတတ်နိုင်မှာမလို့လဲ အန်တီနားလည်ပါတယ်ကွယ် အန်တီဖြစ်စေချင်တာက
သားလေးကို အရင်က သိပ်ကိုကြင်နာတတ်တဲ့
နွေဦးမာန်လေးအဖြစ်အန်တီပြန်လိုချင်တာ
ဒါဆိုရင်ပဲအန်တီကျေနပ်ပါပြီသားရယ်..."

ဒေါ်သူဇာစကားကြောင့် နွေဦးလည်းမျက်ရည်များစွာကျဆင်းလာရင်း ရင်ခွင်ထဲတိုးဝင်ငိုမိတယ်

"ကျနော် အရင်ကနွေဦးအဖြစ်ပြန်လာပါပြီအန်တီရယ်...."

"သားလေးရယ်..."

ရှိုက်ကာငိုနေတဲ့ တူကြီး၂ယောက်ကို ကြည့်ရင်း
ဂုဏ်ရောင်လည်း မျက်ရည်တွေဝဲတတ်လာတယ်

"ကိုကို..."

သူ့ကိုမြင်တာနဲ့ မျက်ရည်တွေဝဲလာပြန်တဲ့ကလေးကြောင့် ငိုချင်စိတ်ကိုထိန်းကာ ပြုံးလိုက်ရင်း

"အသဲလေး မေမေနဲ့ အကိုနွေဦးအဆင်ပြေသွားပြီ တွေ့လား...."

"အဲ့လူဆိုးကြီးက အိမ်မှာနေမှာလားဟင်..."

ကလေးစကားကြောင့် အနားရိီ အရိပ်ကို ဂုဏ်ရောင် အားနာသွားရပြီ

သို့သော် အရိပ်လေးကတော့ပြုံးရယ်လာရင်း

"သူက ဒီမှာမနေပါဘူးနိုနိုလေးရဲ့ ဟိုဘက်အိမ်မှာ
နေမှာလေ..."

ဘေးချင်းကပ်ရဲ့အိမ်ကိုပြလိုက်တော့ ကလေးငယ်က ဝေ့ကြည့်ရင်း

My little Baby 🌺(Completed) Where stories live. Discover now