Part22 🌺

16.1K 1.2K 5
                                    

"အန်တီနဲ့မေမေ ကျနော်ကလေးနဲ့လက်ထပ်ချင်တယ်''

ဘေးနားထိုင်နေတဲ့ ကလေးငယ်ရဲ့လက်လေးကိုတင်းနေအောင်ဆုပ်ကိုင်ထားရင်း ခွင့်တောင်းလေတော့ ပြုံးကာကြည့်လာတဲ့မေမေနဲ့အန်တီ

"သား သေချာပြီလား ''

မိခင်ဖြစ်သူအမေးကြောင့် ကလေးငယ်ဘက်ကိုကြည့်ကာပြုံးလိုက်ရင်း

"ကျနော်သေချာနေတာကြာခဲ့ပါပြီမေမေ ကလေး နဲနဲကြောက်နေသေးလို့  စိတ်အဆင်သင့်ဖြစ်မယ့်အချိန်ထိ စောင့်နေခဲ့တာ အခုကလေးလည်းလက်ခံပြီဆိုတော့ ကျနော်မြန်မြန်လက်ထပ်ချင်တယ် ''

"သားလေးတို့အဆင်ပြေရင်ပြီးတာပါပဲကွယ်
အန်တီအနေနဲ့ လက်မခံနိုင်စရာ အကြောင်းမရှိပါဘူးခုလိုမျိူး နိုနိုလေးကို မြတ်မြတ်နိုးနိုးနဲ့ ချစ်ပေးတဲ့အတွက် သားကိုကျေးဇူးတင်ပါတယ် ''

"မဟုတ်တာအန်တီရာ ကျနော်မရှိခဲ့တဲ့အချိန်တွေမှာ ကလေးကိုစောင့်ရှောက်ပေးတာ ကျနော်လည်းကျေးဇူးတင်ပါတယ် ''

"သားနိုနိုလေး မေမေဆီလာပါအုံးကွယ် ဖက်ပါရစေအုံး ''

ဒေါ်သူဇာခေါ်လိုက်တော့ သူမအနားသွားပြီး
ရင်ခွင်ထဲတိုးဝင်နေတဲ့နိုနိုလေးက တကယ့်အချွဲလေး

"အချွဲလေး ''

ချစ်စရာကောင်းလွန်းတဲ့ ကလေးငယ်ကိုကြည့်ရင်း ချစ်မဝဖြစ်နေကြရပြန်တဲ့သူတို့

"ကို..ကို...ဒါ..ဝတ်..နော်...''

သူရေချိူးခန်းထဲက ထွက်လာချိန် အဖြူရောင် အ..ကျီလေးကို ယူလာရင်းသူ့လက်ထဲအတင်း
ထည့်ပေးနေတဲ့ကလေးလေး

"ကလေးက ကိုကို့ကို ဒါလေးဝတ်စေချင်တယ်ပေါ့ ''

"ဝတ်... စေ...ချင်...တယ်...''

"ဟုတ်ပါပြီ ဗျာကိုကိုဝတ်ပါ့မယ် ''

ကလေးငယ်စိတ်တိုင်းကျ သူရွေးပေးထားတာလေးကိုသာဝတ်လိုက်လေတယ်

သူ့ရဲ့အ..ကျီကြယ်သီးလေးတွေကို စိတ်ရှည်စွာတပ်ပေးနေတဲ့ကလေးကိုကြည့်ရင်း သူ့မှာမြတ်နိုးရပြန်တယ်

"ကလေးလေးက မေမေနဲ့သွားတွေ့ရမှာဆိုတော့
ပျော်နေတာလား ''

My little Baby 🌺(Completed) Where stories live. Discover now