! ရူးမိုက်တယ်လို့ပဲပြောရမလား
ငယ်ငယ်လေးကတည်းက ခွဲခွာခဲ့ရတဲ့ ကလေးလေးရဲ့ ရုပ်ပုံလေးဘယ်လိုရှိမှန်းတောင်မသိရပဲ
နေရာအနှံ့ရှာနေမိတယ်သူယုံကြည်နေခဲ့တယ် ကလေးငယ်ကို သေချာပေါက် ရှာတွေ့လိမ့်မယ်ဆိုတာ.....!
အတွေးစတို့နဲ့အတူ သက်ပြင်းအကြိမ်ကြိမ် ချနေမိတဲ့ ဂုဏ်ရောင်ဟာ မျက်နှာမှာလည်း အလွန်အမင်းမကောင်း
"သခင်လေး အစည်းအဝေးစပါတော့မယ်..''
သော်စစ်ယံ အသံကြားမှ အတွေးစတို့ ဖျက်လိုက်ရင်း အစည်းဝေးခန်းထဲ ဦးတည်လာခဲ့လိုက်တယ်
သူအခန်းထဲဝင်လိုက်တာနဲ့ အသီးသီး မက်တပ်ရပ်ပြီးကြိုဆိုနေကြတဲ့ လူများ
ထိပ်ဦးပိုင်းက ခုံမှာသူနေရာယူထိုင်လိုက်ပြီး
"ကျနော်က ဒီcompany ရဲ့ CEO အသစ် ခဗျားတို့လည်း သိသင့်သလောက် သိထားပြီးမှာပါ..
နောက်ပြီး ကျနော် CEO နေရာရောက်လာလို့
ရှယ်ယာပြန်ထုတ်ချင်တဲ့လူတွေရှိတယ်လို့ သတင်းတွေရတယ် ဒီတော့ ကျနော့်ကိုမယုံကြည်လို့ ကျနော်နဲ့ အလုပ်တွဲမလုပ်ချင်ပါဘူး ဆိုရင်
အခုထဲကတစ်ခါတည်းပြော ခဗျားတို့စိတ်တိုင်းကျဖြစ်စေရမယ်ဒါပေမယ့် ကျနော်တစ်ခုတော့ပြောလိုက်မယ် စီးပွားရေးလုပ်ငန်းတစ်ခုမှာ အနိုင်နဲ့အရှူံး ၂ ခုပဲရှိတယ် ဒါပေမယ့် ကျုပ်ကတော့ အနိုင်ဆိုတဲ့အရာကိုပဲ လက်ကိုင်သုံးတယ် ကျူပ်ဘဝမှာ အရှူံးဆိုတာရှိလာမှာမဟုတ်ဘူး...''
သူ့ရဲ့စကားနားထောင်နေရင်း မျက်နှာပျက်ကုန်တဲ့လူတစ်ချိူ့
"ခဗျားတို့လည်း ဦးနှောက်ရှိတဲ့လူတွေပဲ ကျနော်ဘာကိုဆိုလိုတာလဲဆိုတာ သဘောပေါက်ကြမှာပါ ဒီတော့ ရှယ်ယာပြန်ထုတ်ချင်တွေ လက်ထောင်ပါ ကျနော်ကြည်ကြည်ဖြူဖြူနဲ့လက်ခံပေးမယ်..."
နူးညံ့ခြင်းတစ်စက်မှမရှိ ခက်ထန်နေသော မျက်နှာထားနဲ့ စကားကိုပြတ်ပြတ်ပြောနေတဲ့
CEO အသစ်ကြောင့် သူတို့အခက်တွေ့ရပြီ"ကျနော်တို့ ကိုဂုဏ်ရောင်ရှိန်အပေါ်မှာ မယုံမိသလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်ဗျာ အခု ကိုဂုဏ်ရောင်ရှိန် ပြောတဲ့စကားတွေကြောင့်
ကျနော်တို့ သံသယစိတ်တွေ ကင်းရှင်းသွားပါပြီ
ကျနော်တို့ ခဗျားကို အကြွင်းမဲ့ယုံကြည်ပါတယ်"
STAI LEGGENDO
My little Baby 🌺(Completed)