ပေါက်စကွေးသေးသေးလေးရဲ့လက်ကိုတင်းနေအောင်ဆွဲထားရင်း စင်တာထဲဝင်ခဲ့လေတယ်
ကလေးငယ်အတွက်လိုအပ်မယ့် အသုံးအဆောင်တွေဝယ်ပေးနေရင်း ကလေးငယ်ကိုလည်း ဂရုစိုက်မပြတ်သည့် ဂုဏ်ရောင်
"ကိုကို့ရဲ့ကလေးလေး ဗိုက်ဆာပြီလား..''
မေးလိုက်တော့ ခေါင်းလေးငြိမ့်ပြတဲ့ကလေး ကြောင့် ဂုဏ်ရောင်ပြုံးလိုက်ရင်း
"လာ ကိုကိုနဲ့ ကြက်ကြော်သွားစားရအောင်..''
ကလေးလက်လေးဆွဲလာရင်း စင်တာထဲမှာရှိတဲ့
KFC ဆိုင်ထဲကိုဝင်လာခဲ့လိုက်တယ်ကလေးငယ်အတွက် ကြက်ကြော် ဘာဂါ အချိူရည်အစုံမှာပေးပြီး ခလေးလေးအနားပြန်ထိုင်လာတဲ့ဂုဏ်ရောင်
သူ့ကိုတစ်ချက်မှအလွတ်မခံ လိုက်ကြည့်နေတဲ့
ကလေးငယ်ရဲ့ နဖူးကိုနမ်းလိုက်တော့ အူကြောင်ကြောင်လေးနဲ့ကြည့်လာတဲ့ ကလေးက
အသည်းယားစရာစားစရာတွေရတာနဲ့ ကလေးငယ်ကို
ခွံ့ကျွေးနေတဲ့ဂုဏ်ရောင်ဟာ ပတ်ဝန်းကျင်ကိုယမေ့နေတဲ့ပုံပင်ထိုအဖြစ်ပျက်ကို ပုံတွေတဖျက်ဖျက်ရိုက်နေရင်း
အလုပ်ရှုပ်နေတဲ့လူတစ်ဦးကိုတော့ ဂုဏ်ရောင်
မသိလိုက်"ကလေးလေး ဘယ်သွားချင်သေးလဲ...''
ခေါင်းယမ်းပြလာတဲ့ ကလေးငယ်ဟာ ပင်ပန်းနေပြီထင်ပါရဲ့
"အဲ့ဒါဆို ကိုကိုတို့ပြန်ကြမယ်နော်..''
ကလေးနဲ့ လွတ်လွတ်လပ်လပ် သွားချင်တာ
ကြောင့် အစောင့်တွေခေါ်မလာပဲထွက်ခဲ့ပေမယ့်
အခုချိန် ဂုဏ်ရောင်အတွက် အချိန်မရွေးပြသနာတွေရှိနေနိုင်တာကြောင့် ကလေးငယ်ကို အပြင်မှာ အကြာကြီးမထားချင်🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
သူတို့ကားလေး ခြံထဲဝင်လာတာနဲ့ အိမ်တံခါးဝမှာ အပြုံးတွေနဲ့ကြိုဆိုနေတဲ့မေမေ
"သားတို့ပြန်လာပြီလား..''
"ဟုတ်ကဲ့မေမေ..ကလေးအတွက်လိုအပ်တာတွေသွားဝယ်ပေးတာ..''
"သား နိုနိုလေး မေမေ့ဆီလာပါအုံး..''
သူမခေါ်နေတာသိပေမယ့် မလှုပ်မယှက်ပဲ
ဂုဏ်ရောင်အနားမှာသာ ရပ်နေတဲ့ကလေးလေး
YOU ARE READING
My little Baby 🌺(Completed)