"သားငယ်လေးရယ် မဆိုးရဘူးလေကွယ် သားကိုကိုက သားလေးနဲ့အတူရှိချင်လို့ခေါ်ထားတာလေ တီတီနဲ့လာနေလို့ဘယ်ဖြစ်မလဲ ''
ဂုဏ်ရောင် အပေါ်ထပ်က ဆင်းလာချိန် ဧည့်ခန်းထဲက ကြားနေရတဲ့အသံကြောင့် ရပ်ကြည့်ရင်း
နားထောင်နေမိတယ်"သားငယ်လေးရယ် တီတီလေးစကားနားထောင်ပါကွယ် ''
ရပ်ကြည့်နေတဲ့ ဂုဏ်ရောင်လည်း မနေနိုင်တဲ့အဆုံး ဝင်သွားလိုက်သည်
"အန်တီ ကလေးဘာဖြစ်လို့လဲ''
သူမေးလိုက်တော့ ချက်ချင်း မျက်နှာပျက်သွားကြတဲ့ ၂ ယောက်
"သားရယ် သားငယ်လေးက အန်တီနဲ့ပြန်လာနေချင်တယ်လို့ပြောနေတယ် ''
ဒေါ်မိမော်စကားကြားလိုက်ရတော့ ဂုဏ်ရောင်ရင်ထဲ နာကျင်မှုကဆစ်ခနဲ
"ဘာလို့လဲ ကလေးက ကိုကိုနဲ့မနေချင်လို့လား''
သူမေးတာကိုပြန်မဖြေဘဲ ခေါင်းလေးသာငုံ့ထားတဲ့ကလေးငယ်က အနားမှာတကယ်မနေချင်တဲ့ပုံ
"ကိုကိုမေးနေတယ်နော် တန်ခူးနို "
ဂုဏ်ရောင်အသံ အနဲငယ်ကျယ်သွားတာမိုမျက်ရည်စတွေ ဝဲတတ်လာတဲ့ကလေးက တုန်တုန်ယင်ယင်
အရင်ကဆို ကလေးငယ်လို့ပဲခေါ်နေတဲ့ကိုကိုက ခုတော့တန်ခူးနိုတဲ့လား
"ကိုကိုမေးနေတာဖြေ အန်တီပြောတာဟုတ်လား ကလေးက ကိုကိုနဲ့မနေပဲ အန်တီနဲ့သွားနေချင်တာလား ''
ထိုအခါမှ အရည်ရွဲနေတဲ့မျက်ဝန်းလေးတွေနဲ့
ခေါင်းလေးငြိမ့်လာတဲ့ကလေးကြောင့် ဂုဏ်ရောင်
စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်ရင်း"ကလေးရင်ထဲ ကိုကိုဘယ်တော့မှ ရောက်နိုင်မှာ
မဟုတ်ဘူးထင်တယ် ဒါပေမယ့် စိတ်မကောင်းပါဘူး ကိုကိုအနားကနေ ဘယ်ကိုမှ ထွက်သွားခွင့်
မပေးနိုင်ဘူး "သူထိုနေရာကနေထထွက်လာခဲ့လိုက်တယ်
ဒီကလေးငယ်ငိုနေတာမြင်ပေမယ့် သူပြန်လှည့်ပြီး ချော့နိုင်တော့မှာမဟုတ်!ဘာတွေများဖြစ်နေရတာလဲကွာ ကိုကိုလည်းနာကျင်ရတယ်ကလေးရယ်!
YOU ARE READING
My little Baby 🌺(Completed)