"တီ တီ ''
ကားလေးပေါ်က ဆင်းဆင်းချင်း သူမဆီပြေးလာပြီး ရင်ခွင်ထဲတိုးဝင်ကာ ခေါ်လိုက်တဲ့နာမ်စားလေးကြောင့် အံ့သြောမှင်သက်သွားသွားရတဲ့
ဒေါ်မိမော်"သား သားငယ်လေး တီတီ့ကိုခေါ်လိုက်တယ်ဟုတ်လား သားငယ်လေးစကားပြောပြီပေါ့ ''
ကလေးငယ်ရဲ့မျက်နှာလေးကို သူမသေချာ
ကြည့်ရင်းပျော်ရွှင်မှုကြောင့် မျက်ရည်များကျလာရင်း မယုံနိုင်စွာ မေးနေလေတယ်"ဟုတ်တယ် အန်တီ ကလေးစကားပြန်ပြောပြီ အခုလည်း အန်တီကိုလွမ်းတယ်ဆိုလို့ ဟိုမှာရက်ကြာကြာမနေပဲ ပြန်လာခဲ့တာ ''
ဂုဏ်ရောင်ဝင်ဖြေပေးလိုက်မှ သူမမှာ မျက်ရည်တွေကြား ပြုံးလိုက်ရင်း
"သားငယ်လေးရယ် တီတီဝမ်းသာလိုက်တာ ''
ကလေးရဲ့ပါးလေး၂ ဖက်ကို တရှုံ့ရှုံ့မွှေးကြူနေတဲ့သူမက အလွန်ပဲပျော်ရွှင်နေလေရဲ့
"ကျေးဇူးပါသားဂုဏ်ရယ် အန်တီကျေးဇူးတင်ပါတယ်ကွယ်..."
"မလိုပါဘူးအန်တီရယ် ကျနော်လည်း အရမ်းပျော်နေခဲ့တာ ဒါနဲ့လေအန်တီ ဟိုအိမ်ကိုပြန်မနေတော့နဲ့ အန်တီဒီမှာပဲနေလိုက်တော့ ကျနော်
ဦးမင်းဝေကို လှမ်းအကြောင်းကြားလိုက်အုံးမယ်""သား အဆင်ပြေသလိုလုပ်လိုက်ပါကွယ် အန်တီတော့ သားငယ်လေးနဲ့မခွဲနိုင်သေးဘူး "
ကလေးငယ်ရဲ့ ခေါင်းလုံးလုံးလေးကို ထွေးထားရင်း ချစ်မဝဖြစ်နေတဲ့အန်တီရယ်ပါလေ
"သားငယ်လေး မေမေ့ကိုရောမလွမ်းဘူးလား "
ရုတ်တရက်ထမေးလာတဲ့ ဒေါ်မိမော်စကား
ကြောင့် ငြိမ်ကျသွားတဲ့ကလေးငယ်ရဲ့ သွင်ပြင်လေးခဏမျှငြိမ်ကျသွားပြီးနောက် ခေါင်းလေးခါယမ်းလာရင်း
"ဟင်...အင်း....."
ကလေးငယ်က တကယ်ပဲ မိခင်ဖြစ်သူကို နာကြည်းနေပြီလား
ဒေါ်မိမော်မှာလည်း ဘာမှပြန်မပြောနိုင်ပဲ ဒီတိုင်းလေးသား ငြိမ်ကျသွားတယ်
"အန်တီ ကျနော်နဲ့ကလေး အနားယူလိုက်အုံးမယ်"
ထိုအခြေနေကို ဝင်ထိန်းရင်းပြောလိုက်တဲ့ဂုဏ်ရောင်
![](https://img.wattpad.com/cover/244169658-288-k611105.jpg)
YOU ARE READING
My little Baby 🌺(Completed)