မေမေက လူရှုပ်တာသိပ်မကြိုက်တာမို့ မိသားစုဝင်တွေလောက်ပဲ ဖိတ်ပြီး မွေးနေ့ပွဲလေး ဂုဏ်ပြုပေးရန်စီစဥ်ထားလိုက်လေတယ်
"ညီ ''
"အကို ကျနော့်ကိုခိုင်းစရာရှိလို့လား ''
လိုအပ်တာလေးတွေ ပြင်ဆင်ပေးနေတဲ့ အရိပ်နားသွားပြီး စကားစလိုက်တဲ့ဂုဏ်ရောင်
"ခဏနေရင် ဧည့်သည်တွေရောက်လာမှာမလို့
နိုနိုလေးနဲ့အတူနေပေးပါလား ကလေးက လူစိမ်းတွေနဲနဲကြောက်တတ်တော့ နေရခက်မှာစိုးလို့ ''"ရတာပေါ့အကိုရ ကျနော်နေပေးပါ့မယ် ''
"Okညီ ခဏနေရင် ကလေးဆင်းလာလိမ့်မယ်''
"ဟုတ်ကဲ့အကို''
ဂုဏ်ရောင် ပြုံးလိုက်ရင်း ထိုနေရာလေးမှထွက်လာခဲ့လိုက်တယ်
!မင်းအရမ်းရိုးသားလွန်းတယ် အရိပ် ဒါကြောင့်
မလို့ သူမင်းကိုချစ်မိသွားတာဖြစ်လိမ့်မယ် !သူ့စိတ်ထဲကအတွေးကိုတော့ အရိပ်ကြားနိုင်မှာမဟုတ်
ခြံထဲဝင်လာတဲ့ကားတွေကြောင့် ဧည့်သည်တွေရောက်လာပြီဆိုတာ သိလိုက်ရပြီ
"ကလေးလေး အကိုရိပ်နဲ့ပဲနေနော် ကိုကိုဧည့်သည်တွေဆီ ခဏသွားလိုက်အုံးမယ် ''..
"ဟုတ်...ကို.. ကို..''
ကလေးငယ်ရဲ့နဖူးလေးကို နမ်းရှိုက်လိုက်ရင်း အိမ်ရှေ့ဘက်ထွက်လာခဲ့တဲ့ ဂုဏ်ရောင်ဟာလည်း
တစ်ခုခုကို ကြံစည်နေတဲ့ပုံ"အကိုနဲ့ ဦးလေးရောက်လာပြီလား အိမ်ထဲဝင်ပါ
မေမေရှိတယ် ''သူခေါ်နေသော်လည်း စိတ်အခြေနေမကောင်း
သူ့ရဲ့ဖခင်ကို သတ်ခဲ့တဲ့လူတွေမဟုတ်လားနွေဦးနဲ့သူ့ဖခင် အိမ်ထဲကိုဝင်လာခဲ့လာကြပြီ
"ဟယ် အကိုလာပြီလား သူဇာကမျှော်နေတာ
သားနွေဦးလည်း လာလေ ''ဖော်ရွေစွာစီးကြိုနေတဲ့ မေမေ့ကိုကြည့်ရင်း
ဂုဏ်ရောင် ရင်တွေနာကျင်ရပြန်တယ်!ဖေဖေ့ကိုသတ်တာ သူတို့ဆိုရင်ရော မေမေအခုလို ကြိုဆိုနိုင်ပါ့အုံးမလား !
ŞİMDİ OKUDUĞUN
My little Baby 🌺(Completed)