"ကို...ကို...ထ...ကို..ကို..''
ဂုဏ်ရောင်ရင်ခွင်ထဲကနေ တလှုပ်လှုပ်နဲ့နှိုးနေတဲ့ကလေးလေး
သူသိပေမယ့် အိပ်ချင်ယောင်ဆောင်နေလိုက်တယ်
နိုနို နှိူးနေတာနိုးမလာသေးတဲ့ကိုကိုကြောင့် မျက်နှာလေးဆူပုပ်လာမိသည်
"ကို...ကို...ထ..ပါဆို...''
သူ့ရဲ့ရင်ဘက်ကို လက်လေးနဲ့လာတွန်းပြီးနှိူးနေတဲ့ကလေးကြောင့် ဂုဏ်ရောင်ရယ်ချင်စိတ်ကို ထိန်းထားရလေပြီ
"ကို...ကို..''
နှိူးမရတာကြောင့် အသံလေးတိမ်ဝင်သွားပြီ ငိုမဲ့မဲ့လေးဖြစ်နေတဲ့ကလေးကို ဂုဏ်ရောင်အသဲယားစွာ သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်လေပြီ
ရင်ခွင်ထဲကကလေးငယ်ရဲ့နှုတ်ခမ်းလေးကိုဖိကပ်နမ်းလိုက်ပြီး
"ကလေးဆိုးလေး ကိုကို့ကိုနှိူးမရတာနဲ့ပဲငိုတော့မယ်ပေါ့လေ ''
ကလေးရဲ့ဆံသားလေးတွေကိုသပ်နေရင်းဂုဏ်ရောင်မေးလိုက်တော့ ရင်ခွင်ထဲက ကလေးက ပိုတိုးလို့ဖက်လာလေတယ်
"ကို..ကို..ပြော...ထား..တာ..''
တစ်လုံးချင်းစီ ထွက်ကျလာတဲ့ခလေးရဲ့စကားက
ဘာကိုဆိုလိုနေသည်မှန်းနားမလည်"ကိုကိုကဘာပြောထားလို့လဲ ''
"ဒီ..နေ့..သွား..မယ်...အပြင်..''
စကားလုံးလေးတွေက အစီငေါ်မတည့်လှပေမယ့်
ကလေးငယ်စီက ဒီလိုအသံလေးကြားနေရတာနဲ့တင် သူကျေနပ်နေရပြီဒီနေ့အပြင်သွားဖို့ပြောထားတာကြောင့် ဒီကလေးလေးသူ့ကိုအတင်းနှိူးနေခြင်း
"ဟုတ်ပါပြီဗျာ ကိုကိုပြင်ဆင်လိုက်အုံးမယ် ကလေးလေးစောင့်နေအုံးနော် ''
"ကို..ကို..''
"ဗျာ..''
"သား...သားအောက်...မှာ..နော်..''
"အွန်း ကိုကို့ကိုအောက်ထပ်မှာစောင့်နေနော်
ကိုကိုပြီးတာနဲ့ဆင်းလာခဲ့မယ် ''"ဟုတ်..ကဲ့..''
ဂုဏ်ရောင်ရဲ့မနက်ခင်းတွေဟာ အရင်လိုအထီးကျန်မနေတော့ပေ
DU LIEST GERADE
My little Baby 🌺(Completed)