"အန်တီ ကျနော်ဒီနေ့အရေးကြီးတဲ့အစည်းဝေးရှိလို့ အိမ်ပြန်နောက်ကျလိမ့်မယ် ကလေးကို ဂရုစိုက်ပေးထားပါနော် ''
အိမ်အဝလေးမှာရပ်ရင်း တဖွဖွမှာနေတဲ့ဂုဏ်ရောင်ဟာ စိတ်မဖြောင့်နိုင်
"စိတ်ချပါသားရယ် အန်တီဂရုစိုက်လိုက်ပါ့မယ်''
အန်တီဘေးက ကလေးငယ်ရဲ့ နဖူးလေးကို မြတ်မြတ်နိုးနိုးနဲ့ နမ်းရှိုက်လိုက်ရင်း
"ကိုကိုသွားတော့မယ်နော် ...."
သူပြောလိုက်တော့ သူ့ခါးစလေးကို ဆွဲပြီး အမူရာလေးပြလာတဲ့ကလေးငယ်က တစ်ခုခုကို ပြောချင်နေတဲ့ပုံ
"သားငယ်လေးက သားဂုဏ်နဲ့အတူလိုက်ချင်နေတာထင်တယ် ''
အန်တီဝင်ပြောလိုက်မှ ဂုဏ်ရောင်ပြုံးလိုက်ရင်း
" ဟိုရောက်ရင် ပျင်းနေမှာပေါ့ ကလေးက လိုက်ချင်လို့လား ''
ခေါင်းလေးတဆက်ဆက်ငြိမ့်လာတဲ့ကလေးငယ်ရဲ့ မျက်ဝန်းလေးတွေက အရောင်များတောက်လာလေရဲ့
"ဟုတ်ပါပြီကွာ အဲ့ဒါဆို ကိုကိုနဲ့အတူ သွားရအောင်နော် အန်တီ ကလေးကိုကျနော်ပဲ ခေါ်သွားလိုက်တော့မယ် ''
"ကောင်းပါပြီသားလေးရယ် ''
သူမရှေ့က ကလေး၂ယောက်ကိုကြည့်ရင်း ဒေါ်မိမော်ပျော်မဆုံးနိုင်
အနဲဆုံးတော့ သားငယ်လေး ပျော်ခွင့်ရသေးတယ်မဟုတ်လား
ကလေးနဲ့အတူ အလုပ်ကိုသာထွက်လာတဲ့ ဂုဏ်ရောင်ဟာလည်း ပျော်နေမိတာအမှန်
Company ကိုရောက်ကတည်းက အလိုက်သိတတ်လွန်းတဲ့ ကလေးငယ်က ဘာတစ်ခုမှ ပူဆာခြင်းမရှိ
ဂုဏ်ရောင်လုပ်သမျှကိုသာ မနားတမ်းလိုက်
ကြည့်နေလေရဲ့"ကလေးလေး ပျင်းနေပြီလား "
ဆိုဖာပေါ်မှာ ထိုင်နေတဲ့ကလေးငယ်ကို သူ့ပေါင်ပေါ် ဆွဲတင်ရင်းမေးလိုက်တော့ မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်လာရင်း သူ့ရဲ့ပါးပြင်ကို
ဖိကပ်နမ်းလာတာကြောင့် ဂုဏ်ရောင်ရင်တွေ
ဝုန်းဒိုင်းကျဲသွားရပြီ
![](https://img.wattpad.com/cover/244169658-288-k611105.jpg)
VOUS LISEZ
My little Baby 🌺(Completed)