Part9 🌺

19.7K 1.5K 13
                                    

ကလေးနိုးလာမယ့်အချိန်ကို စောင့်နေခဲ့သည်မှာ
ညနေစောင်းပင်ရောက်ခဲ့ပြီ

အဖြူရောင်ကုတင်ထက် အိပ်မောကျနေသူလေးကို မျက်တောင်မခတ်တမ်း ကြည့်နေသူက
ဂုဏ်ရောင်

ပိန်းကျသွားတဲ့ ကိုယ်သေးသေးလေးကို မြင်နေရတော့ သူ့မှာစိတ်မကောင်း

!ဒီကလေးလေးကို အစားများစားခိုင်းရမယ်..!

တွေးလို့ပင်မဆုံးသေး မျက်လုံးလေးတွေကို လက်ခုံလေးနဲ့ပွတ်ရင်း နိုးလာတဲ့ကလေးက
တကယ့်ကိုချဟ်စရာ

"ကိုကို့သည်းငယ်လေးနိုးပြီလား မျက်လုံးကို အရမ်းမပွတ်ရဘူးလေကလေးရယ်.."

သူ့အသံကြားတာနဲ့ ကုတင်စွန်းနားကို ပြေးကပ်သွားတဲ့ ကလေးက သူ့ကိုလန့်နေတယ်တဲ့လား

ဂုဏ်ရောင်ရင်ထဲပြောမပြတတ်အောင်နာကျင်နေရပြီ

!ဒါက သည်းငယ် ကိုကို့ကိုပေးတဲ့အပြစ်ဒဏ်ပေါ့လေ!

"အဲ့လောက်ထိတောင်မုန်းနေခဲ့တာလား
ကိုကိုဘာမှမလုပ်ပါဘူး ဒီနားပြန်လာခဲ့နော်.."

မျက်ရည်လေးတွေဝဲရင်း သူ့ကိုကြည့်လာတဲ့
ကလေးရဲ့အကြည့်က သူစိမ်းဆန်လွန်းလှတယ်

"ကလေးမကြိုက်ရင် ကိုကိုအနားမကပ်တော့ဘူးနော် ကိုကို့သဲငယ်လေးဗိုက်ဆာနေလောက်ရောပေါ့..ဟိုအခန်းမှာ မျက်နှာသစ်လိုက် ကိုကိုစောင့်နေမယ်..''

သူ့ကိုမဝံ့မရဲလေးကြည့်ပြီး ရေချိူးခန်းထဲဝင်သွားတဲ့ကလေး

ဘာအရာတွေ ဒီလောက်တောင်မှားယွင်စစေခဲ့တာလဲ

ဂုဏ်ရောင်ရဲ့အမေးတွေကို အဖြေပေးဖို့ တစ်စုံတစ်ယောက်ကိုတော့ လိုအပ်နေခဲ့ပြီ

မျက်လုံးအစုံမှိတ်လိုက်ရင်း ရှုပ်ထွေးခြင်းတွေနဲ့အတူ  တင်းကျပ်နေတဲ့စိတ်တို့ကို ဖျေဖျောက်ပစ်လိုက်ရပြီ

ခဏအကြာ ရေချိူးခန်းထဲကထွက်လာတဲ့ ကလေးကို ဂုဏ်ရောင် ပြုံးကြည့်နေရင်း

"ခုက ခလေးအတွက် ကိုကို အဝတ်စားမဝယ်ထားရသေးတော့ ကိုကို့အဝတ်စားတွေခဏဝတ်ထားလိုက်နော်..''

My little Baby 🌺(Completed) Where stories live. Discover now