Part28 🌺

15.1K 1.1K 20
                                    

"အရိပ် အရိပ် မင်းဘယ်မှာလဲ ''

အိမ်ကြီးထဲမှာ ချစ်ရတဲ့သူရဲ့ နာမည်လေးကို ရေရွတ်ရင်း ပျာယာနေတဲ့ နွေဦး

"လင်းနေ လင်းနေ''

"ကျနော်ဒီမှာအကို ဘာဖြစ်လို့လဲ ''

သူ့အနားရောက်လာရင်း မေးလာတဲ့လင်းနေ

"ငါအပြင်မသွားခင်ထိ အရိပ်အခန်းထဲမှာရှိနေခဲ့တာ အခုသူဘယ်မှာလဲ ''

နွေဦးရဲ့ ရင်ထဲစိုးရိမ်ပူပန်မှုနဲ့အတူ ဒေါသမီးများ
တောက်လောင်နေလေပြီ

"သူအပြင်ထွက်သွားတယ်အကို ကျနော်တားတော့ အကို့ပြောပြီးပြီဆိုလို့ ကျနော်ခွင့်ပြုလိုက်တာ ''

"ဘာ ''

လင်းနေရဲ့စကားနားထောင်ရင်း နွေဦးစိတ်တွေ
ပိုလို့ပင်လေးလံလာခဲ့လေသည်

ဒီကောင်လေး သူ့ကိုထားသွားရင်ဆိုတဲ့အတွေးက
အရှင်လတ်လတ် မီးမြိုက်နေသလိုပင်

ထို့နောက် နွေဦး ကားနှင့် တစ်နေရာကိုဦးတည်လာခဲ့လိုက်သည်

ထိုနေရာက ဆေးရုံကြီးပင်

"မင်းအဲ့မှာရှိနေဖို့ ကိုယ်မျှော်လင့်နေတယ်အရိပ်''

ကားကိုအရှိန်ပြင်းပြင်းမောင်းနှင်လာခဲ့လေသည်

"ဒါကဘယ်လိုဖြစ်ရတာလဲစစ်ယံ ခလေးကို သေချာကြည့်နေဖို့မင်းကိုမှာခဲ့တယ်မဟုတ်လား
ဟမ် ''

လဲကျနေတဲ့စစ်ယံရဲ့မျက်နှာထက်တွင် သွေးစတို့ကနီရဲနေလေသည်

ချက်ချင်းပေါက်ထွက်တော့မယ့် ရှိန်ကိုက်ဗုံးတစ်ခုလို ဒေါသတကြီးဖြစ်နေသူက ဂုဏ်ရောင်

တစ်ဖက်ခန်းတွင်လည်း ဆရာဝန်တွေနဲ့ရှုပ်နေကာ ကုတင်ထဲမှာလဲနေတဲ့ခလေးလေး

ဂုဏ်ရောင်မျက်ရည်များစွာ အတားအဆီးမဲ့ကျလာလေသည်

မေမေအိမ်မှာမူးလဲသွားတယ်လို့ဖုန်းဝင်လာတာကြောင့် ခလေးကို စစ်ယံနဲ့ခဏထားခဲ့ပြီး အိမ်ကို
အပြေးပြန်ရလေသည်

သူပြန်ရောက်လာချိန် မြင်လိုက်ရတဲ့မြင်ကွင်းက
သူ့ရဲ့ရင်ဝကို စီးကြိုပြီးကန်လိုက်သလိုပင်

My little Baby 🌺(Completed) Where stories live. Discover now