"နိုနိုလေး ဘယ်နားကနာနေလဲ ကိုကို့ကိုပြ...''
သူမေးလိုက်တော့ ခေါင်းလေးကို လက်ညှိုးလေးထိုးပြီး မျက်ရည်လေးဝဲလာတဲ့ကလေးလေး
"နာ...နာ...တယ်...''
"ခေါင်းကနာနေတာလား ကလေးလေး.. ကိုကို့ကိုပြပါအုံး.."
ခေါင်းလေးရှေ့တိုးပေးရင်း ငိုမဲ့မဲ့လေးနဲ့ကလေးက ဘယ်လောက်တောင်လန့်နေရှာမလဲ
ဂုဏ်ရောင်ရင်ထဲ နာကျင်လာရတယ်
!ကလေးကိုမြန်မြန်ခေါ်သွားမှဖြစ်မယ်..!
"ကိုကိုက အခုချိန်မှာ ကလေးလေးကို မကာကွယ်ပေးနိုင်သေးဘူး အပိုင်ခေါ်ထားလို့ရရင်ကောင်းမှာပဲကွာ ဒါဆိုရင် ကိုယ့်ကလေးလေးလို ဘယ်သူမှ ထိခိုက်အောင်လုပ်လို့ရမှာမဟုတ်ဘူး "
ရင်ခွင်ထဲက ကလေးငယ်ကတော့ သူဘာကိုဆိုလိုနေမှန်း နားလည်သည်တောင်မထင် ငြိမ်ငြိမ်လေးသာ ရှိနေလေတယ်
"သားဂုဏ်ရောင် မျက်နှာလည်းမကောင်းပါလား'
သူ့အနားရောက်လာပြီး မေးလာတဲ့ဦးကြီး
"ဦးကြီးရယ် နိုနိုလေး အရိုက်ခံရတယ် ''
"ဟေ ဘယ်သူကရိုက်လိုက်တာလဲ..''
"နိုနိုလေး ပထွေးလေ ဒီလောက်ကိုယ့်သားကို ရိုက်နေတာတောင်မှ အမေဖြစ်သူက ဘာမှဝင်မပြောပဲ ထိုင်ကြည့်နေတာ ကျနော်အရမ်းအံ့သြောတယ်ဗျာ ကလေးအတွက်လည်းစိတ်မကောင်းဘူး "
ဦးသက်အောင်မှာလည်း ရင်ခွင်ထဲက ကလေးငယ်ကိုကြည့်ရင်း စိတ်မကောင်းဖြစ်ရပြီ
"နိုနိုလေး အမေကလည်းအသက်ငယ်ငယ်လေးနဲ့
ကိုယ်ဝန်ရခဲ့တာဆိုတော့ မရင့်ကျက်ခဲ့ဘူး သားလေးကို ချစ်ရကောင်းမှန်းလည်းမသိ ဖခင်ဖြစ်သူကလည်း ဆုံးသွားတော့ မြို့တတ်ပြီးအလုပ်တွေသွားလုပ်ခဲ့တာ တစ်ခါတစ်လေလောက်ပဲ
ပြန်လာတာ မမိမော်ကပဲ နိုနိုလေး ကိုစောင့်ရှောက်ပေးခဲ့တာ ခုတော့ အမေဖြစ်သူက ယောကျာ်း တစ်ယောက်ပါလာပြီဆိုတော့ နိုနိုလေး အတွက် စိတ်မကောင်းစရာပဲ သားရယ်..''"ဦးကြီး ကျနော်မြို့ကိုပြန်ရင် နိုနိုလေးကိုမွေးစားဖို့ခေါ်သွားမယ် ..''
![](https://img.wattpad.com/cover/244169658-288-k611105.jpg)
DU LIEST GERADE
My little Baby 🌺(Completed)