Part 1🌺

39.6K 2K 29
                                    

၃ ရက်ရှိခဲ့ပြီ

ဒီရွာ​လေးကို ရောက်နေခဲ့တာ ၃ ရက်ရှိနေပြီ
မိဘတွေဆီက အဆက်သွယ် တစ်ခုလေးတောင် ရရှိခြင်းမရှိသေးတဲ့ ဂုဏ်ရောင်ရှိန်အဖို့ ရင်ထဲမှာပူလောင်နေရပြီ

ဒီအသက်အရွယ်နဲ့ နားမလည်နိုင်တဲ့ မိသားစုပြသနာကြောင့် ဒီရွာလေးမှာပုန်းရှောင်ခိုင်းထားတာကလွဲပြီး ကျန်တာဘာမှမသိခဲ့ရဘူး

!ဖေဖေနဲ့ မေမေ အဆင်ပြေကြရဲ့လား!

ဝဲတတ်လာတဲ့မျက်ရည်စတွေ ပါးပြင်ပေါ်ကျဆင်းမလာအောင် မျက်တောင်တစ်စုံကို ဆက်တိုက်ပုတ်ခတ်နေလိုက်တယ်

ယောကျာ်းတစ်ယောက်ဖြစ်နေပါလျက်နဲ့ မျက်ရည်မကျချင်သလို ပျော့ညံ့တဲ့လူတစ်ယောက်မဖြစ်ချင်

"ကို...ကို...''

ရုတ်တရက် နားထဲတိုးဝင်လာတဲ့အသံပိစိလေးကြောင့် အတွေးစတို့မှာ ကြက်ပျောက်ငှက်ပျောက်

အသံလာရာဘက်ငဲ့ကြည့်လိုက်တော့ မျက်လုံးဝိုင်းလေးနဲ့ပြူးကြည့်နေတဲ့ကလေးလေး

ရီပြနေလိုက်တာများ အူယားလွန်းလို့ ကိုင်ပေါက်ပစ်ချင်စရာ

"ငို......နဲ့...နော်..."

မပီတဲ့ အသံလေးက လေးလေးပင်ပင်လေး စကားလုံး တစ်ခုနဲ့ တစ်ခုကြားအားယူပြီး ပြောနေတဲ့ ပေါက်စကွေးလေးရဲ့အသံက ထူးထူးခြားခြားလေး

"မင်းဘယ်ကနေဘယ်လို ဒီကိုရောက်လာရတာလဲ...''

သူမေးတဲ့အခါ ရွာထဲဘက်ကို လက်ညှိုး ထိုးပြတဲ့ ပေါက်စလေးကြောင့် ရွာထဲကဆိုတာ သိလိုက်ရလေပြီ

"မင်းအသက်ငယ်ငယ်လေးနဲ့ ဘာလို့ဒီလိုတစ်ယောက်တည်း လျှောက်သွားနေရတာလဲ..''

မေးနေတာကိုပြန်မဖြေပဲ ဒီတိုင်းလေးသာ ပြူးကြည့်နေတဲ့ကလေးကြောင့် ဂုဏ်ရောင်သက်ပြင်းသာချလိုက်ရင်း

"ကဲ မင်းကိုအိမ်ပြန်ပို့ပေးမယ် အိမ်ကဘယ်နားမှာလဲ ''

"တီ ...တီ...လေး.. ''

မပီမပြင်လေးနဲ့ ထပ်ပြောလာပြန်တဲ့စကားသံလေး

"တီတီလေးဆိုတာ အန်တီကိုပြောတာလား အိမ်ကိုလိုက်ပြနော် ပြန်ပို့ပေးမယ်...''

My little Baby 🌺(Completed) Where stories live. Discover now