"အန်တီ နိုနိုလေးရော..''
"အိမ်ပေါ်မှာပါရှင် မနက်ထဲကကိုကို့ဆီသွားမယ်
ဆိုပြီးတဂျီဂျီလုပ်နေလို့ မနည်းချော့ထားရတယ်""ကျနော် မနေ့ကလာခေါ်မယ်လို့ပြောထားတာ
မနက်က ဦးကြီးတို့ကို အိမ်အလုပ်ဝိုင်းကူပေးနေတာနဲ့ မလာနိုင်တာ ဒါကြောင့် ပေါက်စလေးက
မျှော်နေတာဖြစ်မယ် ကျနော်သွားခေါ်လိုက်အုံးမယ်. .''"အေအေသား သွားခေါ်လိုက်လေ..''
ဂုဏ်ရောင်အိမ်ပေါ်ရောက်တော့ သူ့ကိုမြင်တာနဲ့
မျက်နှာလွှဲသွားတဲ့ ပေါက်စလေးက သေချာပေါက်စိတ်ကောက်နေလေပြီ"ကိုကို့ကလေးလေးက စိတ်ကောက်နေတာလား.'
ဘေးကိုသာမျက်နှာလွှဲထားပြီး ဘာမှပြန်မပြောတဲ့ကလေးလေးကိုကြည့်ရင်း ဂုဏ်ရောင်အသဲတွေယားလာမိတယ်
!တကယ့်ချစ်စရာလေးကွာ...!
"ဟူး အဲ့ဒါဆိုလည်း ကိုကိုက ကလေးလေးစားဖို့ဆိုပြီးမုန့်တွေသွားဝယ် ထားရတာ ကလေးလေးကစိတ်ကောက်နေတယ်ဆိုတော့လည်း ကိုကို့ဘာသာပဲ စားပစ်တော့မယ်..''
ဂုဏ်ရောင် မက်တပ်ထရပ်လိုက်ခါမှ သူ့ရဲ့အင်းကျီစကို ဆွဲလာတဲ့လက်သေးသေးလေး
မျက်လုံးဝိုင်းလေးတွေက ချက်ချင်း အရည်လေးတွေရွဲလာကာ ငိုမဲ့မဲ့လေးဖြစ်လာတဲ့ ကလေးကို ဂုဏ်ရောင် ပွေ့ချီလိုက်ပြီး
"အောဟော ကိုကို့ကလေးလေးက ငိုတော့မယ်ပေါ့ မငိုရဘူးလေ ကိုကိုက နောက်တာ ကိုကိုနဲ့မုန့်စားပြီး ကစားကြမယ်နော် လိုက်မယ်မို့လား..''
ခေါင်းလေးငြိမ့်ပြတဲ့ ခလေးရဲ့ပါးပြင်လေးကို တဝကြီး နမ်းရှိုက်လိုက်ပြီး အိမ်အောက်ကို ဆင်းလာခဲ့လိုက်ပြီ
ခြံလေးထဲမှာ တံမြက်စည်းလှည်းနေတဲ့
ဒေါ်မိမော်နား သွားလိုက်ရင်း"အန်တီ ကျနော်နိုနိုလေးကို ခေါ်သွားအုံးမယ်..''
"ခေါ်သွားလေသား ညီလေးအရမ်းဆိုးနေရင်
အန်တီ့ကိုလာပြောနော်သားလေး..''"ဟုတ်ကဲ့ အန်တီ သားတို့သွားပြီ..''
နိုနိုလေးကို ချီပြီးထွက်သွားတဲ့ဂုဏ်ရောင်ကျောပြင်ကို ငေးရင်းဒေါ်မိမော်ပြုံးနေမိတယ်
ESTÁS LEYENDO
My little Baby 🌺(Completed)