Part 2 ♥ Uni+Zaw

3.9K 292 0
                                    

ကိုကိုရဲ့ ငယ်

အပိုင်း(၂)

ယွန်း နာမည်က မေယွန်းငယ်ပါ အသက်ကတော့ ၁၅ ကျော်ပြီပေါ့နော် ၉တန်းအောင်ပြီး ဆယ်တန်း တက်မယ့်နှစ်ပေါ့ ဖေဖေက KHS Company ကိုတည်ထောင်ထားပြီး
မေမေက ကျောက်မျက်ရတနာဆိုင်ဖွင့်ထားတယ်လေ တအားကြီး
ချမ်းသာတဲ့ အထဲ မပါပေမယ့် ချမ်းသာတာတော့ ချမ်းတာတာပေါ့လေ အခုလည်း ဆယ်တန်းတက်ရမှာဆိုတော့ အရင်ကကျောင်းကို
မထားချင်လို့ နာမည်ကြီးတဲ့ ကျောင်းတွေထဲက ကောင်းတာတစ်ခုခု ကိုတော့ ဖေဖေ စုံစမ်းနေတယ်
ဒီ ေန ကျောင်းပြီး သွားလို့ဖေဖေက လာကြိုရင်း သူ့ မိတ်ဆွေတစ်ယောက်ရဲ့သမီးလေးကို ဝင်ကြိုဖို့ ၁၆ကေျာင်းရှေ့မှာ ရပ်စောင့်နေတဲ့ အချိန်..
ထွက်လာတဲ့ကျောင်းသား ကျောင်းသူတွေကို ငေးကြည့်နေရင်းနဲ့
ယွန်းကို တစ်စုံတစ်ခုက အကြည့်တွေကို ရပ်တန့်စေခဲ့သည်။

အဲဒါကတော့ ကျောင်းရှေ့မှာ စာရွက်ဝေနေတဲ့ ကောင်လေးတစ်ယောက် အကျီအဖြူကို အပေါ်ကနေ အနက်ရောင်နဲ့ အဖြူရောင်
အကွက်စပ်ထားတဲ့ လက်ရှည် ဝတ်ထားပြီး ဂျင်းဘောင်းဘီလေး
ဝတ်ထားတဲ့ တစ်ယောက် အရပ်က ယွန်းထက် နှစ်လက်မလောက်မြင့်မယ်ပုံပေါ်သည်။ အသားကတော့ အဖြူကြီး မဟုတ်ပေမယ့်
ဖြူတာတော့ ဖြူတယ်။ ယွန်းလောက် မဖြူပေမယ့် ။
မျက်နှာလေးကလည်း ချစ်စရာလေး ချွေးတွေထွက်လို့
နှဖူးပေါ်က ချွေးလေးတွေကို လက်နဲ့ သုတ်လိုက်ပုံက ေယွန်းအတွက်တော့ အရမ်းချစ်စရာကောင်းနေသည်။ ယွန်းအငေး
ေကာင်းနေတာနဲ့ ကားထဲကို ဖေ့ဖေ့မိတ်ဆွေသမီးရောက်နေတာတောင်မသိလိုက်။ ဒါပေမယ့် စာရွက်ဝေနေတဲ့ သူ့ကို အနီးကပ်
ကြည့်ချင်တာကြောင့် ဖေဖေ့ကို ခဏလို့ပြောခဲ့ပြီး ကားပေါ်ကနေဆင်းလာလိုက်သည်။ သူက ကိုယ့်ကို ကျောပေးပြီး စာရွက်ဝေနေတာကြောင့် အနောက်မှာ ယွန်းရောက်နေမှန်းသိပုံမပေါ်။ ဒါကြောင့်
သူသတိပြုမိဖို့ သူဝေနေတဲ့ စာရွက်လေးကိုတောင်းလိုက်သည်။

"ဟို.. ယွန်းကိုလည်း တစ်ရွက်လောက်ပေးပါလား"

ယွန်းစာရွက်တောင်းလိုက်တော့ ကြောင်တောင်တောင်နဲ့လှည့်ကြည့်လာသည်။ ပြီးတော့ ယွန်းကို စာရွက်ပေးလိုက်တယ်။ ယွန်း စာရွက်ယူပြီး ကားပေါ်တက်တဲ့အထိ ကြောင်တောင်တောင်နဲ့ ရပ်ကြည့်နေတုန်း ယွန်းစိတ်ထဲကနေတော့ မှတ်ချက်တစ်ခု ချလိုက်တယ်
သူ အရမ်းချစ်ဖို့ကောင်းတယ်

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawDonde viven las historias. Descúbrelo ahora