Part 6 uni +Zaw

3.3K 331 2
                                    

ကိုကိုရဲ့ ငယ်

အပိုင်း ၆

ဒီနေ့ ဖူးပွင့်မ ညဂိုက်တန်း မှာ ကိုကို နဲ့ ဘာတွေ ပြောနေသည်မသိ
ကိုကို ကြည့်ရတာ စိတ်လှုပ်ရှားနေတဲ့ပုံပင် ပြီးတော့ နှစ်ယောက်သားတိုးတိုး တိုးတိုးနဲ့ ဘာတွေတိုင်ပင်နေတာလည်း မသိဘူး ဟွန့်😒😒 ဖူးပွင့် မ ဂိုက်တန်းဆင်းမှတွေ့အုန်းမယ်  ကိုကို့အနားကို မကပ်ပါနဲ့လို့ အတန်တန်ပြောထားတဲ့ ကြားက ကို ကပ်ဖြစ်အောင်
ကပ်လိုက်သေးတယ် အခုလည်း နှစ်ယောက်တစ်ကမ္ဘာ ကျနေလို့ 😒😒

မနေ့ညကတည်းက ဖူးပွင့်ကို သိပ်မကြည် အခုလည်း စာသင်နေလို့သာ မဟုတ်လို့ကတော့ လက်မောင်းတွေစုတ်ပြတ်သတ်အောင် ရိုက်ပစ်ချင်တာ မနက်ကတည်းက လူကို ပြုံးစိ ပြုံးစိနဲ့ ကြည့်နေသေးတာ နေ့လည် ထမင်းစားဆင်းသောကြောင့် အားလုံး ထမင်းစားဆောင်ကို ရောက်လာသည်။

ထမင်းစားဆောင်ထဲမှာ ကိုယ်ကြိုက်တဲ့နေရာမှာ စားလို့ရသည်။ ထို့ကြောင့် အားလုံးက ကိုယ့် အဖွဲ့နဲ့ ကိုယ် စားနေကြသည်။ အခုလည်း
ဖူးပွင့် မ နဲ့ ကြွေရုပ်တို့ နှစ်ယောက် ယွန်းအတွက် နေရာဦးပေးထား
သောကြောင့် သူတို့နဲ့အတူထိုင်လိုက်သည်။ထမင်းစားနေရင်း

"မိယွန်း ခဏနေကြရင် ကျောင်းရှေ့က ပိတောက်ပင်ဘက်
သွားရအောင် "

"ဘာလုပ်ဖို့လည်း"

"ပေးစရာရှိလို့ "

"အခုပေးလိုက်လေ"

"နင်ကလည်း အခုပေးလို့ မရလို့ပေါ့ဟ"

"ဘာမို့လို့ အခုပေးလို့မရတာလည်း "

"ကောင်းပြီလေ အရမ်းသိချင်နေတယ်ဆိုလည်း ပြောပြမယ်"

ဖူးပွင့် စကားကြောင့် ယွန်းတို့ သုံးယောက် ထမင်းစားနေရာက
သုံးယောက်သား ေခါင်းချင်းဆိုင်လိုက်သည်။ ဖူးပွင့်မပြောတာက

"မိယွန်း နင့်ကို မမအေးချမ်းက ရည်းစားစာပေးခိုင်းလိုက်လို့"

"ဘာ! !"

"ဘာ..."

"အမယ်လေး လန့်တာဟယ် နင်တို့နှစ်ကောင်ကလည်း ဖြေးဖြေးအော်ကြပါ ဟိုမယ် အကုန်လုံး လှည့်ကြည့်ကုန်ပြီ"

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawOpowieści tętniące życiem. Odkryj je teraz