ကိုကို ရဲ့ ငယ်
အပိုင်း ၂၄
ငါးနှစ်..ငါးနှစ်တောင်ကြာခဲ့လေပြီ။ ကျွန်တော့်ရဲ့ ဘဝထဲကနေ ငယ်ထွက်သွားခဲ့တဲ့အချိန်ပေါ့...ငယ်နဲ့ စလမ်းခွဲတဲ့အချိန်တုန်းကဆို ကျွန်တော့်မှာ ဆောက်တည်ရာမရ ဖြစ်ခဲ့ရသည်။ ကျောင်းဆိုလည်း
မသွားတော့...နေ့စဥ်နေ့တိုင်း တငိုငို တရီရီ နဲ့..နောက်ဆုံးအမေ
ဖြောင်းဖြပြီး ဆုံးမတော့မှဘဲ ကျွန်တော့်ဘဝကို မနည်း ပြန်ထူထောင်ခဲ့ရသည်။ ငယ်မရှိတဲ့ ဘဝကြီးကတော့ အမြဲခြောက်ကပ်ကပ်နဲ့ပါပဲ..အရင်တုန်းကအစသန် အရယ်သန်တဲ့ ကျွန်တော် က
နောက်ပိုင်း မျက်နှာပေါ်မှာ အပြုံးဆိုတာ ရှားလာခဲ့တယ်...လွမ်းတာပေါ့..သေလာက်အောင်ကို လွမ်းတာ..ငယ်ရဲ့ အိမ်ကို ချက်ချင်းလိုက်သွားပြီး တွေ့ချင်ရလောက်အောင်ကို လွမ်းတာ..
ဒါပေမယ့် လွမ်းတာတွေကို အကြောင်းပြချက်တစ်ခုနဲ့ပဲ ဖြေသိမ့်ခဲ့ရတယ်...အဲ့အကြောင်းပြချက်ကတော့ ငယ့်ဘဝရှေ့ရေးလေး ကောင်းစားဖို့ ဆိုတဲ့ အကြောင်းပြချက်လေးပေါ့..ငယ့်ကို ဘာလိူ့ လမ်းခွဲခဲ့တာလည်း ဆိုတော့...Flashback...
ငယ်နဲ့ မတွေ့ခင် တစ်ရက်အလို...
မနက်ဖြန်ဆိုရင် ငယ်နဲ့ ဘဝတစ်ခုကို တည်ထောင်ရတော့မယ်
ဆိုတဲ့အတွေးနဲ့ လူက ကြည်နူးလို့မဆုံး..တစ်ဖက်ကလည်း
အမေ့ကို သနားရပြန်သည်။ လောက မှာပြေးကြည့်မှ မိသားစုဆိူလို့ ဒီသားအမိနှစ်ယောက်သာရှိသည်မဟုတ်လား..အဲ့လိုဆိုပြန်တော့လည်း အရာအားလုံးဟာ တွေဝေသွားရပြန်သည်။ ဒါပေမယ့်
ငယ်နဲ့လည်း မခွဲနိုင်သလို အမေ့ကိုလည်း တစ်ယောက်တည်း မထားခဲ့နိုင်ပြန်..အမေ့ကိုလည်း သွားပြီးမပြောပြရဲပေ..အမေ့ကို ငယ်ငယ်ကတည်း ကြောက်ချစ်ရိုသေခဲ့ရလေတော့ ဒီကိစ္စကို ဘယ်လိုမျက်နှာမျိုးနဲ့ သွားပြောရမလည်းမသိတော့...နောက်ပြီး အမေက သဘောမတူဘူးဆိုပြီး ငယ့်မိဘတွေကို သွားအကြောင်းကြားမှဖြင့် ဒုက္ခတွေ့ရလိမ့်မည်..နောက်ဆုံးကြံရာမရတဲ့အဆုံး ပထမစီစဥ်ထားတဲ့အတိုင်း ငယ်နဲ့အရင်ဆုံး ထွက်ပြေးမည်..
နောက်တော့ အခြေအနေတွေ ငြိမ်သွားတော့မှ အမေ့ကို နားဝင်အောင်ပြောပြတော့မည်။ အခုတော့ အဲ့တာတွေမတွေးချင်တော့
လိုအပ်သည့်ပစ္စည်းတွေ ထည့်ထားသည့်ကျောပိုးအိတ်ကို ဘာတွေကျန်ခဲ့လည်း ဆိုတာ စစ်ဖို့ နောက်တစ်ခါထပ်စစ်ရလေသည်။

KAMU SEDANG MEMBACA
ကိုကို့ ရဲ့ ငယ် ♥ Uni+Zaw
Romansagudie ဆရာမ tomboy လေးနဲ့ ကျောင်းသူလေး တို့ရဲ့ အချစ်ဇာတ်လမ်း