Part 19 Uni+Zaw

2.4K 198 11
                                    

ကိုကိုရဲ့ ငယ်

အပိုင်း ၁၉

ယွန်း အိမ်ပြန်ရောက်ပြီးနောက် ကိုကို့ဆီက ဖုန်းမလာတာကြောင့်
ဖုနိး  ေခါ်မယ်တွေးကာမှ..အော်..ဟူတ်သားပဲ..ကိုကို့ ကို စိတ်ဆိုးပြီး
တစ်ပတ်တိတိ ဖုန်းမခေါ်ဖို့ ပြောထားသာပဲ..ဟွန့် လူဆိုးကြီး..
သူများကို လမ်းပေါ်မှာ ရှေ့မကြည့်နောက်မကြည့်ဘဲ နမ်းရဲတယ်...
ကြည့်ထ.. ဖုန်းခေါ်ရင် ကိုင်ကို မကိုင်ဘူး...

ယွန်းကသာ စိတ်ဆိုးပြီး ဖုန်းမခေါ်ဖို့ပြောပေမယ့် သေချာပေါက်
အဲ့လူကြီးက နှစ်ရက်လောက်နေရင် မနေနိုင်လို့ပါဆိုပြီး ဖုန်းဆက်မှာ အသေအချာပင်..

ထမင်းစားဖို့အတွက် အောက်ထပ်ကို ဆင်းပြီး ထမင်းဝိုင်းမှာ
ထိုင်ပြီး မိသားစုသုံးယောက် စုံညီစွာ စားကြသည်မှာ ယွန်းတို့ရဲ့
မိသားစုဓလေ့ပင်..ယွန်းဆယ်တန်းတက်တုန်းကတော့ ကျောင်းကို
အစောကြီးသွားရတာမို့ မနက်စာကို မိသားစု စုံစုံညီညီမစားနိုင်သကဲ့သို့ ညဘက် တွင်လည်း ဂိုက်တန်းမှာ ထမင်းချိုင့်နဲ့မို့ အတူတူ
မစားဖြစ်ကြပေ။

ယွန်းဆယ်တန်းပြီးမှသာ မနက်စာကော ညစာကော အတူတူစားဖြစ်ကြတော့သည်။ နေ့လည်စာကတော့ ပါးပါးက အပြင်မှာ စားသလို မားမားကလည်း သူ့ဆိုင်မှာဘဲ စားနေကြ။ ယွန်းကတော့ အိမ်မှာရှိနေရင် အိမ်မှာပဲစားဖြစ်သလို အပြင်ရောက်နေရင်တော့ အပြင်က
ဆိုင်တစ်ခုခုမှာပဲ ဝင်ထိုင်ပြီး စားလေ့ရှိသည်။

ဒီနေ့ ထမင်းဝိုင်းမှာ ထူးထူးခြားခြားတိတ်ဆိတ်နေတာကြောင့် တစ်ခုခုတော့ ပုံမှန်မဟုတ်တော့တာကို ယွန်သတိထားမိသည်။
ပုံမှန်ဆို ပါးပါးက သူ့ကုမ္ပဏီက အကြောင်းပြောရင်ပြော ဒါမှမဟုတ် မားမားက သူ့ဆိုင်အကြောင်းပြောပြရင် ပြောပြနဲ့
ထမင်းဝိုင်းလေးက အသက်ဝက်လျက်ရှိသည်။ ဒီနေ့တော့ ဘယ်သူကမှ စကားမပြော.. ပါးပါးနဲ့မားမား များ ရန်ဖြစ်ထားကြတာလား..
ထားပါတော့လေ..တော်ကြာ သူတို့နှစ်ယောက်ရန်ဖြစ်လို့ စကားမပြောကြတာကနေ ငါက လေသွားပေါလို့ စကားပေါတယ်ဆိုပြီး
ဆူခံနေရမှ ဟုတ်ပေ့ဖြစ်နေအုန်းမယ်..ကိုယ့်ထမင်းကိုယ် စားတာပဲ
ကောင်းပါတယ်..

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now