ကိုကို့ရဲ့ငယ်
ဇာတ်သိမ်းပိုင်း
"အေး..အေး..ချမ်း..အေးချမ်း...ကား accident ဖြစ်ပြီး
ဆုံး..ဆုံးသွားပြီတဲ့"အမပိုးစံရဲ့ စကားကိုကြားပြီးနောက် ယွန်းရဲ့ ခေါင်းထဲမှာ အတွေးတွေ ပလုံစီသွားသည်။ ယွန်း.. အခု ဘာကို ကြားလိုက်တာတုန်း..
ကိုကို..ကိုကိုက လောက ကြီးထဲကနေ ထွက်ခွာသွားပြီတဲ့လား..
မဟုတ်..မဟုတ်ဘူးလေ..ယွန်း ဖြစ်ချင်ခဲ့တာအဲ့လိုမဟူတ်ဘူးလေ..ယွန်းရင်ဘတ်ထဲမှာ ပြည့်ကျက်နေပြီး ခေါင်းထဲလည်း နှောက်လာတော့သည်။ နောက်ဆုံးတော့ ယွန်း လောက ကြီးနဲ့ ခဏတာ အဆက်အသွယ်ပြတ်တောက်သွားခဲ့လေသည်။ ယွန်းမျက်လုံးမပိတ်လိုက်ခင်မှာတော့ ပါးပါနဲ့မားမား ရယ် ကျန်တဲ့သူတွေအကုန်လုံး
ယွန်းနာမည်ကိုခေါ်ပြီး ယွန်းနားလေးကို ရောက်လာတာပဲ မှတ်မိတော့သည်။
................ေခါင်းက တစ်ဆစ်ဆစ်ထိုးကိုက်မှုနဲ့အတူ လေးလံနေတဲ့ မျက်ခွံတွေကို ဖြေးညှင်းစွာ ဖွင့်ကြည့်လိုက်တော့ အရင်ဆုံးမြင်ရတာ ယွန်းအခန်းရဲ့ မျက်နှာကျက်... ခေါင်းကို ညာဘက်ကို စောင်းကြည့်လိုက်တော့ ပါးပါးကိုတွေ့ရသည်။ ယွန်းလက်ကလေးိကု ကိုင်ကာ
အိပ်နေတဲ့ပါးပါးကို တွေ့ရတော့ ယွန်းမျက်ရည်တွေက တစ်ဖန် စီးကျလာတော့သည်။ ယွန်းသိတတ်စအရွယ်ကတည်းက ယွန်းကို
လက်ပေါ်ကမချပဲ အရာအရာ အလိုလိုက်ခဲ့ပြီး ယွန်းနေမကောင်းဖြစ်မှာကို သေလောက်အောင် ကြောက်ခဲ့တဲ့ပါးပါး..ဘယ်လိုပဲ အပြစ်လုပ်လုပ် လက်နဲ့မရွယ်ဖူးခဲ့တဲ့ ပါးပါးက ယွန်းအတွက်တေ့အဖိုးဖြတ်မရတဲ့ ဖခင်ကောင်းတစ်ယောက်ဆိုလည်း မမှားပေ..အဲ့လောက် ယွန်းအပေါ်ကို ချစ်တဲ့ပါးပါးက ယွန်းကို တစ်ခါသာလက်ပါဖူးသည်။ အဲ့တာကတော့ ကိုကို့နဲ့ ကိစ္စကိုသိသွားတုန်းကပင်..ကိုကို...နေ..နေပါအုန်း..ကိုကိုဆိုမှ ယွန်းစေ့စပ်ပွဲထဲက အဖြစ်အပျက်တွေကို ပြန်မြင်ယောင်လာပြီး ဆတ်ကနဲ အိပ်ယာမှ
ထလိုက်တော့ ထိုးကိုက်လာတဲ့ ခေါင်းကို လက်နဲ့အသာဖိကာ
ကုတင်ပေါ်မှ ဆင်းရန်ပြင်လိုက်လေသည်။ယွန်းကုတင်ပေါ်က ဆင်းဖို့ ကြမ်းပြင်ပေါ် ခြေချကာရှိသေး ပါးပါးကနိုးလာခဲ့သည်။

BINABASA MO ANG
ကိုကို့ ရဲ့ ငယ် ♥ Uni+Zaw
Romancegudie ဆရာမ tomboy လေးနဲ့ ကျောင်းသူလေး တို့ရဲ့ အချစ်ဇာတ်လမ်း