ကိုကို ရဲ့ ငယ်
အပိုင်း ၂၂
ရေခြားမြေခြား ဖြစ်တာရော ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့နေရာ
ဖြစ်တာကြောင့် ယွန်း လန်ဒန်ကို ရောက်ရောက်ချင်း အခက်အခဲများစွာနဲ့ ကြုံတွေ့ခဲ့ရသည်။ ကျောင်းနေဖို့အတွက် ပါးပါးရဲ့ အမဝမ်းကွဲအိမ်မှာ နေရတဲ့အတွက်ကြောင့် ယွန်းအတွက်တော့ နေဖို့ နေရာက ဒုက္ခမများ...နောက်ပြီး ဒေါ်ဒေါ်ရဲ့ မိသားစု တေွက နိုင်ငံခြားသားတွေ ဖြစ်ပေမယ့် ယွန်းကိုတော့ ဖော်ရွှေစွာ ဆက်ဆံကြသည်။မိသားစုကလည်း မများပေ..ဒေါ်ဒေါ်ရယ် ဒေါ်ဒေါ််ယောကျ်ားနဲ့ ဒေါ်ဒေါ်ရဲ့ သားသမီးနှစ်ယောက်ဖြစ်တဲ့ လူးဝစ် နဲ့ ကစ်တီ
နှစ်ယောက်ရယ်သာ ရှိသည်..ယွန်း အပါအဝင်မှ မိသားစုက အားလုံးပေါင်း ငါးယောက်သာရှိပြီး အိမ်ကလည်း နှစ်ထပ်တိုက်
ဖြစ်သည်။ အပြင်ပိုင်းက ကြည့်ရင်သာ မကျယ်ပေမယ့် အထည်မှာတော့ တော်တော်လေးကျယ်ပြီး ခြံထဲမှာလည်း Mini Garden လေးပါ ရှိတာကြောင့် နေရထိုင်ရတာ တော်တော်လေး အဆင်ပြေသည်ဟုအဆင်ပြေသည်ဟု ဆိုရမည်။လူးဝစ်တို့ မောင်နှစ်မနှစ်ယောက်က အသက် နှစ်နှစ်သာခြားတဲ့ မောင်နှစ်မနှစ်ယောက်ဖြစ်ပြီး လူးဝစ်က ခြောက်နှစ်နဲ့ ကေတီက ရှစ်နှစ်သာရှိသေးသည်။ ကျောင်းပိတ်ရက်တွေဆို ယွန်းအတွက်တော့ ေမာင်မှစ်မနှစ်ယောက်နဲ့ ကစားရင် ကစား..မကစား
ရင်တော့ ဒေါ်ဒေါ်က မြို့ထဲမှာရှိတဲ့ ကစားကွင်းကိုလိုက်ပို့လေ့ရှိသည်။ယွန်းတက်ရသည့် တက္ကသိုလ်ကတော့ အဆင်ပြေလှသည်။ ဒါပေမယ့် စာ တစ်ခုပဲတော်ရုံပဲနဲ့တော့မရ..တခြား thinking ပိုင်းဆိုင်ရာ project ရမှတ်တွေနဲ့ exam ရလဒ်ကို ဆုံးဖြတ်လေ့ရှိသည်။ ယွန်း ကျောင်းစတက်တုန်းကတော့ နည်းနည်းတော့ အခက်တွေ့ရသည်။ နောက်ကြတော့ ကနေဒါ သူလေး ဟယ်လန် ရယ်
အာဖရိကသူလေး လူစီရယ် ဆိုပြီး သူငယ်ချင်းနှစ်ယောက်ရ
လေသည်။ နှစ်ယောက်လုံးက ဖော်ရွှေပြီး ခင်ဖို့ကောင်းသလို
ယွန်း အခက်အခဲရှိတိုင်းလည်း ဘေးနားကနေ အားပေးဖော် အားပေဖက် ဖေးမဖော် ဖေးမဖက် တွေ ဖြစ်သည်။နောက်ပိုင်းကျ လန်ဒန်မှာ ယွနး်ကျောင်းတက်ရတာက အခက်အခဲမရှိတော့ပေ။ ဘေးနားကနေ အမြဲတမ်း အရိပ်တကြည့်ကြည့်လို ဂရုစိုက်ပေးတဲ့သူငယ်ချင်းတွေရော ကိုယ့်ကို မိသားစုသဖွယ်
ဂဂုစိုက်ပေးတဲ့ ဒေါ်ဒေါ်တို့မိသားစုကြောင့် ယွန်း ဒီမှာ
အရမ်းပျော်ရပါသည်။

YOU ARE READING
ကိုကို့ ရဲ့ ငယ် ♥ Uni+Zaw
Romancegudie ဆရာမ tomboy လေးနဲ့ ကျောင်းသူလေး တို့ရဲ့ အချစ်ဇာတ်လမ်း