ကိုကို့ ရဲ့ငယ်
အပိုင်း ၇
ငယ့်ကို ပေးဖို့ ရည်းစား စာကို မနေ့ညက ဂိုက်တန်းမှာရေးပြီး
ဖူးဖူးနဲ့သာ ထည့်ပေးလိုက်သည်။ ထည့်သာ ထည့်ပေးလိုက်ရတယ်
လူက စိတ်မဖြောင့် ဆရာမ မိသွားမလား ဆိုတဲ့ စိုးရိမ်စိတ်ကြီး
ကြောင့် လူက ကျောင်းမှာကတည်းက ဂနာမငြိမ် ပြီးရင် ည ဂိုက်တန်းမှာ ဘယ်လိုမျက်နှာနဲ့ ငယ့်ကို ကြည့်ရမလည်း မသိ
အဖြေတောင်းထားတဲ့လူဆိုတော့ ဘယ်လိုနေရမလည်းတောင်မသိတော့ ဖူးဖူးက ဇွတ် ဖွင့်ပြောခိုင်းလို့သာ ဖွင့်ပြောရသည်။ ငယ်
အနေနဲ့ အဖြေက Okay လား မ okay လားတောင်မသိ
ငယ်လည်း ကိုယ်နဲ့ နည်းတူ ခံစားချက်ရှိတယ်လို့ ဖူးဖူးက
ပြောထားပေမယ့် အနည်းနဲ့အများတော့ စိုးရိမ်စိတ်က ဝင်ဝင်လာ
သည်။တနေကုန် ဂနာမငြိမ်ဘဲ စောင့်စားခဲ့ရတဲ့ ညဂိုက်တန်းအချိန် ရောက်ရှိလို့လာပါတော့သည်။..ကျောင်းကို လာတဲ့လမ်းတစ်လျှောက်မှာလည်း လူက စိတ်လှုပ်ရှားလွန်းလို့ ပိုးစံ ပြောတဲ့ စကားတွေတောင်နားထဲမဝင်။ ညဂိုက်တန်းတံခါးကို ဖွင့်လိုက်တဲ့အချိန် ကျွန်တော့်ရင်ထဲ ဗုံးတွေ အလုံးတစ်ရာလောက် ဆင့် ပေါက်သွားသလို ခံစားရလေသည်။ ဘာလို့လည်း ဆိုတော့ တံခါးဖွင့်လိုက်ပြီးချင်း
ကျွန်တော်နဲ့ ငယ်နဲ့ ချက်ချင်း အကြည့်ချင်းဆုံသွားသည်။သူ့ဘက်က စ ၍ အကြည့်လွှဲသွားသော်လည်း ကျွန်တော့်ရင်ထဲမှာတော့ ဘင်ခရာဝိုင်း တီးနေသလိုပင်။ ဒူးတွေလည်း မခိုင်ချင်တော့။
သူလည်း ကျွန်တော့်ကို မကြည့် ရှက်နေသည် ထင်သည်။ ရှက်မှာပေါ့ ကျွန်တော်လည်း အရမ်းကို ရှက်လွန်းလို့ ခေါင်းကို မြေကြီးထဲမြုပ်ထားချင်လိုက်တော့သည်။ အစကတည်းက စာမပေးလိုက်ရင်ကောင်းသားနော် အခုတော့ ခေါင်းတောင်မဖော်ရဲ တော့တဲ့ အဖြစ်ဖြစ်နေပြီ။ ခဏနေတော့ ဆရာရောက်လာပြီး သချ်ာတွက်ခိုင်းသည်။အဲ့ဒါမှ အေးချမ်းကိုကို ငရဲခန်းထဲတန်းရောက်သွားသလိုပင်။
ဆရာရယ် ကျက်စာကျက်ခိုင်းလိုက်တော့ ဘာဖြစ်မှာမို့လို့လည်းလို့
အခုတော့ သွားပါပြီ ငယ့်ရှေ့တည့်တည့်မှာထိုင်နေရလေပြီ။
သူ့ဘက်ကလည်း စကားစမပြောသလို ကျွန်တော့်ဘက်ကလည်း
စကားစမပြောပေ။ ခဏနေတော့ ဖူးဖူး အသံထွက်လာသည်။
![](https://img.wattpad.com/cover/272843517-288-k141725.jpg)
ESTÁS LEYENDO
ကိုကို့ ရဲ့ ငယ် ♥ Uni+Zaw
Romancegudie ဆရာမ tomboy လေးနဲ့ ကျောင်းသူလေး တို့ရဲ့ အချစ်ဇာတ်လမ်း