Part 27 Uni+Zaw

2.6K 225 27
                                    

ကိုကို့ရဲ့ ငယ်

အပိုင်း ၂၇

ကိုယ့်အိမ်ကို ပြန်လာရတဲ့ခံစားချက်က တကယ်မိုက်ပါသည်။
ငါးနှစ်လောက် ဒီရေ ဒီမြေနဲ့ ဝေးကွာခဲ့ရတဲ့ ယွန်းအဖို့တော့
မြင်ရသမျှဟာ လွမ်းမောဖွယ်ရာပါ..အရင်တုန်းက သူငယ်ချင်းတွေ
နဲ့အတူတူ မုန့်စားခဲ့တဲ့နေရာတွေ လျှောက်လည်ခဲ့တဲ့နေရာ
တွေကို ကြည့်ရင်း သူငယ်ချင်းတွေကို သတိရမိသလို
  နန်းမြို့ကျုံးကြီးနဲ့မန္တလေးတောင်ကိုမြင်ရတော့ သူ့ကို သွားသတိရမိသည်...

ယွန်းရင်ထဲမှာတော့အရင်လို ကိုကိုလို့ မခေါ်ဖြစ်တော့ပါ..
ကိုကို အစား သူဆိုတဲ့နာမ်စားကိုပဲ အစားထိုးလိုက်တော့သည်။
မုန်းလို့လားဆိုတော့လည်း မုန်းလို့တော့မဟုတ်..မမုန်းတာမဟုတ်
သူ့ကို ယွန်း မုန်းချင်သည်..ယွန်းကိုက မုန်းလို့မရတာကြောင့်ပင်..
ကိုကို ဆိုတဲ့ နာမည်ကို ပြန်တွေးမိတိုင်း အရင်က အမှတ်တရတွေကော နာကျည်းစရာတွေကိုကောပါ ပြန်တွေးမိလို့ အဲ့နာမ်စားကို
ယွန်းးရင်ထဲကနေ အပြီးထုတ်ထားခြင်းဖြစ်သည်။

ပြီးပြီးသား အတိတ်တွေကို ယွန်းအနေနဲ့ ပြန်မဖော်ချင်တော့သလို
အနာကျက်သွားတဲ့ ဒဏ်ရာဟောင်းတွေလည်း အသစ်ပြန်လည်မတူးဆွချင်တော့ဘူး..သတိမရဘူးလားလို့မေးရင် သတိရတာပေါ့
နယ်မြေအသစ်ဖြစ်တဲ့လန်ဒန်မှာတောင် သူ့ကို သတိမရတဲ့နေ့ မရှိတာ သူရှိတဲ့နေရာဖြစ်ပြီး သူနဲ့ကိုယ့်ရဲ့ လွမ်းမောဖွယ်ရာ အမှတ်တရတွေရှိနေတဲ့ မြန်မာပြည် မှာဆို ယွန်း ဘယ်လောက်တောင် သတိရလိမ့်မလည်းဆိုတာ ပြောစရာတောင် မလိုတော့ဘူး ထင်ပါတယ်..

မြင်လိုက်သမျှနေရာတွေ သူနဲ့အတူတူသွားခဲ့တဲ့နေရာတွေ ကို တွေ့မိတိုင်း မျက်ရည်လည်လာတဲ့ ယွန်းကိုယ်ကိုလည်း နာကျည်းမိတယ်..
ကိုယ့်အပေါ်ကို ဒီလောက်လုပ်ရက်သွားတဲ့သူ့ကို အခုထိ မမေ့နိုင်
မမုန်းနိုင် ဖြစ်နေတဲ့ ယွန်းနှလုံးသားကို ရင်ဘတ်ထဲက ထုတ်လို့ရရင်
ယွန်းကိုယ်တိုင်  ထုတ်ပစ်လိုက်ချင် သည်။
................................
အခုဆို ယွန်း မြန်မာပြည်ကို ပြန်ရောက်တာ တစ်လတောင်ရှိသွားပြီ
ဖြစ်သည်။ဒီတစ်လအတွင်း ပါးပါးရဲ့ ကုမ္မဏီကို ဦးစီးလုပ်ကိုင် နေတဲ့အပြင် ကုမ္မဏီ ရုံးခွဲတွေနဲ့ ဆိုင်တွေပါ အသစ်ချဲ့ထွင် နိုင်ပြီဖြစ်သည်။ ပါးပါးတို့ ကုမ္မဏီက ကျောက်မျက်ရတနာကုမ္မဏီ ဖြစ်တဲ့အတွက် ယွန်းအတွက် လုပ်ငန်းတွေသင်ရတာ သိပ်မခက်ခဲ..
တစ်ပတ်လောက်ပဲ သင်ရသည်။

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now